အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန် အခုနှစ် ကုန်ပိုင်းမှာ လက်ရှိရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို အနားပေးပြီး စစ်အုပ်စုထောက်ခံသူတွေနဲ့ ပြည်ခိုင် ဖြိုးပါတီဝင်တွေကို အစားထိုးခန့်အပ်တာတွေ လုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက စုံစမ်း သိရှိရပါတယ်။
လက်ရှိမှာ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အနားပေးတာ အ သစ်ခန့်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ DNA ကစုံစမ်းအတည်ပြုထားနိုင်ပါတယ်။
အခုလအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မင်္ဂလာဒုံ မြို့ နယ်ထဲက ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၁၄)ဦးအထိ အနားပေးတာ၊ အသစ်ပြန်ခန့်တာ တွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကြားရသလောက်တော့ ၁၄ယောက် မှာ ၇ယောက်ကကြံခိုင်ရေးတွေချည်းပဲ၊ တချို့လည်း စစ်မှုထမ်းဟောင်းအငြိမ်းစားတွေပါတယ်၊ ့လူနဲ့သူ ခန့်ထားတာတွေချည်းပဲ”လို့ မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အုပ်ချုပ်ရေးပိုင်း နဲ့နီးစပ်သူ တဦးက DNA ကို ပြောပါတယ်။
အဲ့ဒီ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၄)ဦးဟာ အခုလ(၁၉)ရက်မှာစတင်အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်း စစ်ကောင်စီအစိုးအဖွဲ့ ဆုံးဖြတ်ချက်အရ မင်္ဂလာဒုံမြိုု့နယ် အုပ်ချုပ်ရေး အဖွဲ့ညွှန်ကြားချက်နဲ့ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“လွှဲပြောင်းတာကိုကျတော့ ၁၉ရက်နေ့ ညနေ လေးနာရီမှာ အပြီးလွှဲပြောင်းခိုင်းတာ၊သူတို့လုပ်မယ့် ရွေးကောက်ပွဲ လည်း ရှိနေတော့ မဲလိမ်၊မဲခိုးတာတွေ လုပ်မလို့နေမှာပေါ့”လို့အနန်းပင်ရပ်ကွက် အုပ်ချုပ် ရေးပိုင်းနဲ့နီးစပ်သူ တဦးက လည်း ပြောပါတယ်။
အုပ်ချုပ်ရေးမှူး အပြောင်းအလဲလုပ်လိုက်တဲ့ ရပ် ကွက်တွေက ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊ ထောက် ကြန့် (တောင်ပိုင်း)ရပ်ကွက်၊ ထောက်ကြန့်( မြောက် ပိုင်း)ရပ်ကွက်၊ အမှတ်(၃)(ခ)ရပ်ကွက်၊ ချစ်တီး ကုန်းရပ်ကွက်၊ အနန်းပင်ရပ်ကွက်၊ ကြံခင်း ရပ် ကွက်၊ပဲခူးလမ်းရပ်ကွက်၊ ရွာမပိုင်းရပ်ကွက်၊ ပြန် လည်နေရာချထားရေးရပ်ကွက်၊ တောတိုက် ရပ် ကွက်၊ စမ်းကြီး၀ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက် နဲ့နွယ်ခွေကျေးရွာအုပ်စုတွေကဖြစ်တယ်လို့ သိရပါ တယ်။