ကလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်

ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့ ဒီဇင်ဘာ (၂၀) ရက်ညပိုင်းက ကလေးမြို့မှာ ဆီမီးတွေထွန်းညှိပြီး “ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ” စာတန်းနဲ့အတူ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဲ့ဒီလို လို ချီတက်ဆန္ဒပြတာဖြစ်တယ်လို့ သပိတ်အင်အားစုဝင်တွေက ပြောပါတယ်။

ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်ဆန္ဒပြလာတာ ရက် ပေါင်း (၆၈၂) ရက်ရှိခဲ့ပြီ ဖြစ်ပါတယ်။