ယောတော်လှန်ရေးတပ် YRA ကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဌာနက ဂန့်ဂေါခရိုင် တပ်ရင်းသုံးခုအဖြစ် အသိ အမှတ် ပြုလိုက်တယ်လို့ YRA က ဒီဇင်ဘာ (၁၉) ရက်မနေ့ကထုတ်ပြန်ပါတယ်။
မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ အ ခြေစိုက်တဲ့ YRA ကို NUG က ဂန့်ဂေါခရိုင် တပ် ရင်း ၁၅၊ ၁၆၊ ၁၇ -YRA (ထီးလင်း) အဖြစ် ဒီဇင် ဘာ ၁၉ ရက်မှာအတည်ပြု လိုက်တယ်လို့ ဆို ပါတယ်။
“ကိုယ့်ရဲ့အစိုးရကအသိအမှတ်ပြုပေးတဲ့အတွက်ဝမ်းသာတယ်၊ လုပ်ငန်းတွေကိုလည်း ဒီထက်မက အောင်မြင်အောင်ဆောင်ရွက်သွားမယ်၊NUG ချ မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တ သွေမတိမ်း လိုက်နာသွားမယ်” လို့ YRA စစ်ဦးစီး သခင်ဇော်ကပြောပါတယ်။
YRAတပ်ဖွဲ့ ဟာ တော်လှန်ရေးခရီးအစကနေ အခုနှစ်နိုဝင်ဘာလဆန်းပိုင်းအထိ ယောကာ ကွယ်ရေးတပ် YDF ရဲ့ လက်အောက်ခံ တပ်ဖွဲ့ တခုအဖြစ်ရပ် တည်ခဲ့ပြီး နိုဝင်ဘာလဆန်းမှာ YDF ကနေ နုတ်ထွက်ကာ YRA အဖြစ်သီးခြား ဖွဲ့စည်းရပ်တည်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ ကာ ကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းအ ဖြစ်အသိအမှတ်ပြုခံရဖို့ YRA ကလျှောက် ထား ခဲ့ပြီး လပိုင်းအတွင်းအတည်ပြုခံရတာပါ။
“ကျွန်တော်တို့ဝိုင်းကြိုးစားခဲ့ရတာ၊ အဓိက Local တွေ MOD လက်အောက်ခံဖြစ်ပြီး တမိန့်၊တအာ ဏာစနစ်နဲ့ မြို့သိမ်းတိုက်ပွဲတွေကိုသွားနိုင်ဖို့ပါ” လို့ ဒေ သခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦး ကပြောပါတယ်။