ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုကျူးလွန်ထားတာမရှိဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ခဲ့တာလို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတရားခွင်မှာထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွပ်စွဲထားတဲ့ အဂတိအမှုတွေအတွက်မနေ့ဒီဇင်ဘာ၁၉ရက်နေ့မှာဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စွပ်စွဲခံရသူများဖက်က သက်သေအဖြစ်စစ်ဆေးခဲ့ပါတယ်။
အဲဒီစစ်ဆေးမှုမှာ စစ်တပ်အာဏသိမ်းပြီးနောက် စစ်တပ်ကဖမ်းဆီးထားတဲ့အထဲမပါခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စွပ်စွဲခံထားရတဲ့ အမှုတွေမှာ ကျူးလွန်တာမရှိဘဲ လုပ်ထုံးလုပ်နည်း နဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွပ်စွဲထားတဲ့ အဂတိအမှုတွေအတွက် စွပ်စွဲခံရသူဖက်မှာ တင်ပြထားတဲ့ နောက်ဆုံး သက်သေကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မှာ စစ်ဆေးသွားမည်ဖြစ်တယ်လို့လည်းဆက်သိရပါတယ်။
စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်မှာ သက်သေ ၅ ဦးတင်ပြထားတဲ့ အနက် နောက်ဆုံးကျန်တဲ့ တစ်ဦးကို ဒီကနေ့ ဆက်စစ်ဆေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံး သက်သေကို စစ်ဆေးပြီးချိန်မှာ နှစ်ဖက်ရှေ့နေ့တွေကို အမိန့်ချသင့် မချသင့်ကို အပြီးသတ်လျှောက်လဲချက်ပေးရမှာဖြစ်ပြီး အမှုတွေအပြီးသတ်ဖို့ နီးကပ်လာပြီးလို့တရားရေးအသိုင်းအဝိုင်းကသိရပါတယ်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ သမ္မတဦး ဝင်မြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ – ၅၅ နဲ့ အမှုငါးမှုနဲ့ အာဏာသိမ်းစစ်တပ်က စွဲထားတာပါ။
စစ်တပ်က အာဏသိမ်းပြီးနော် အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်သိမ်းကအမှု ၁၉ မှုနဲ့ စွပ်စွဲတရားစွဲဆိုခဲ့ပါတယ်။အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ကို စစ်အုပ်စုရဲ့ တရားရုံးက အမိန့်ချထားပါတယ်။
 
လက်ရှိရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ နောက်ဆုံးအမှုတွေဖြစ်တယ်လို့သိရပါတယ်။