ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေတဲ့ မြောင်မြို့ကစစ်ကောင်စီတပ်တွေပစ်ခတ်တိုက်ခိုက်ခံရ

ကမ္ဘာ့ဖလားဗိုလ်လုပွဲအားပေးနေတဲ့ မြောင်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ စုဝေးရာ နေရာလေးခုကို ဒီဇင် ဘာ(၁၈)ရက်ညပိုင်းက လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောင်တော်လှန်ရေး တပ် တပ်ရေးတာဝန်ခံက DNA ကို ပြောပါတယ်။
 
ကမ္ဘာ့ဖလားဗိုလ်လုပွဲ အာပေးနေကြမဲ့ အခြေအနေကို အခွင့်အရေးအဖြစ် အသုံးချပြီး စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်တဲ့နေရာ၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာတွေကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
 
“ဒီမစ်ရှင်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျွန်တော်တို့ Plan တွေချခဲ့ပါတယ်၊ နောင်လဲ ခုလို့ Mission တွေ လုပ်သွားဦးမှာပါပဲ၊ အဲတာမို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ နီးစပ်ရာတွေမှာ သွားလာ လှုပ်ရှားမှု တွေ တတ်နိုင်သလောက် မလုပ်ကြဖို့နဲ့ ဂရုစိုက်ပြီး နေပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်ဗျ” လို့ မြောင်တော်လှန် ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို့ မြောင်တော်လှန်ရေးတပ်က ဆိုပါ တယ်။
 
အဲ့ဒီတိုက်ခိုက်မှုနဲ့ ထိခိုက်ကျဆုံးမှုရှိမရှိဆိုတာတွေကိုတော့ DNA အနေနဲ့ သီးခြား အတည်မပြုနိုင် သေး ပါဘူး။
 
အဲ့ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း (၅) -MRA၊ မြောင်မြို့နယ် ပကဖ၊ မန္တလေးခရိုင် တပ်ရင်း (၆) (MNPDF) ၊ မုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း (၆)တပ်ခွဲ (၁)(NYSDF)နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။