မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မော်လမြိုင်-ရန်ကုန်ရထားခရီးစဉ် အချိန်ပြောင်းပြေးဆွဲမယ်

သထုံမြို့နယ်အတွင်းကမော်လမြိုင်-ရန်ကုန် ရထား လမ်းတနေရာမှာကုန်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲ့ဒီရထားခရီးစဉ်ကို အချိန်ပြောင်း ပြေး ဆွဲတော့မယ်လို့ မြန်မာ့မီးရထားသတင်းရင်း မြစ် တွေဆီကသိရပါတယ်။
 
“ညရထားတွေအစားမနက်ပိုင်းရထားတွေပြောင်းဆွဲမှာ၊အဓိကတော့လုံခြုံရေးအခြေအနေကြောင့် အ ချိန်ပြောင်းလိုက်တာလို့သိရတယ်”လို့ မြန်မာ့မီး ရထားကအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။
 
ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သိမ်ဆိပ်နဲ့ ဒုံ ဝန်းဘူတာကြားမှာ ဒီဇင်ဘာ(၁၃)ရက်က ကုန်တင်ရ ထားတစ်စီးမိုင်းဆွဲခံရပြီးနောက်မှာ အဲဒီလမ်းပိုင်းရ ထားခရီးစဥ်ပြေးဆွဲမှုရပ်ထားတာဖြစ်ပါတယ်။
 
ရပ်နားထားတဲ့ အဲ့ဒီရထားခရီးစဉ်ကို ဒီဇင်ဘာ (၂၀) ရက်မှာ ပြန်လည်ပြေးဆွဲမှာဖြစ်ပေမယ့် အရင်ကလို ညခရီးစဉ်တွေကို အခုမနက်ပိုင်းခရီးစဉ်တွေအဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
ပြောင်းလဲသတ်မှတ်လိုက်တဲ့ ခရီးစဉ်တွေအရ အ မှတ်(၈၁)အဆန်လေအိတ်အမြန်ရထားဟာ ရန်ကုန် ကနေ မနက် ၆နာရီခွဲ မှာ ထွက်ပြီး မော်လမြိုင်ကို ညနေ ၄နာရီ ရောက်မှာဖြစ်ပါတယ်။
 
အလားတူအမှတ်(၈၂)အစုန်လေအိတ်အမြန်ရထားကလည်း မော်လမြိုင်ကနေ မနက် ၈နာရီခွဲထွက်ပြီး ရန်ကုန်ကို ညနေ ၆နာရီ မှာရောက်မယ်လို့ သက်ဆိုင် ရာဘူတာရုံတွေမှာခရီးသည်တွေကိုအသိပေးထားပါတယ်။
 
အဲဒီရထား​တွေဟာ တိုးကြောင်ကလေး၊ ပဲခူး၊ သိမ် ဇရပ်၊ ကျိုက်ထို၊ တောင်စွန်း၊ နှင်းပုလဲ၊ သထုံ၊ ပေါင် ဘူတာတွေမှာရပ်ပေးမယ်လို့ဆိုပါတယ်။
 
ဒါ့အ​ပြင်အမှတ်(၈၉)အဆန်ရထားက ရန်ကုန်က နေ မနက် ၇နာရီ၄၅ မိနစ်မှာထွက်ပြီး မော်လမြိုင်ကို ညနေ ၅နာရီ ၄၅ မိနစ်မှာ ရောက်မှာဖြစ်ကာ အမှတ်( ၉၀)အစုန်ရထားက မော်လမြိုင်ဘူတာကနေ မနက် ၉နာရီ၁၅မိနစ်မှာထွက်ပြီး ရန်ကုန်ကို ည ၇ နာရီ ၁၅မိနစ်မှာရောက်မယ်လို့လည်းအသိပေးထားပါတယ်။
 
ရန်ကုန်-မော်လမြိုင်ရထားခရီးစဥ်ကို COVID-19 ကပ်ရောဂါကာလမှာရပ်ထားခဲ့ပြီး ဒီနှစ် ဒီဇင်ဘာ (၁) ရက်ကမှပြန်လည်ပြေးဆွဲကာ ဒီဇင်ဘာ ၁၃ရက် ကမိုင်းကွဲမှုကြောင့် ပြန်လည်ရပ်ထားခဲ့ တာဖြစ်ပါ တယ်။
 
ကုန်တင်ရထားတွဲနဲ့ ရထားလမ်းပိုင်းတချို့ ထိခိုက် ပျက်စီးမှုရှိခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ လူထိခိုက် သေဆုံးတာတော့မရှိဘူးလို့ DNA ရဲ့သတင်းရင်းမြစ် တွေကပြောထားပါတယ်။