ကလေးမြို့ကဆီမီးသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ (၁၆) ရက်ညပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆီးမီးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

သပိတ်အခမ်းအနားတက်ရောက်လာသူတွေက နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် ဆီမီးထွန်း ပြီး အလေးပြုဆုတောင်းခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိဆန့်ကျင်သပိတ်မှောက်လာတာ ရက်ပေါင်း ( ၆၇၈)  ရက်ရှိခဲ့ပြီဖြစ်ပါတယ်။