စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်ကားနှစ်စီးကို ပခုံးထမ်း လောင်ချာ(RPG)၊ စနိုက်ဘာအပါအဝင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသလို ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ Dynamite Emperror ဆီကသိရပါတယ်။
ခင်ဦး မြို့နယ်အနီး ကားလမ်းပိုင်းတခုပေါ်မောင်းနှင်လာတဲ့ (၁၂)ဘီးကားတစီးနဲ့ ခြောက်ဘီးကားတစီးပါတဲ့ ယာဉ် တန်းကို ဒီကနေ့ ဒီဇင်ဘာ (၁၆)ရက် မနက်ပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စနိုက်ဘာကျည်ထိ မှန်လို့ စစ် ကောင်စီဘက်က တဦးသေဆုံးတာကို မျက်မြင်တွေ့ရတယ်လို့ Dynamite Emperror အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“RPG ကလဲ ရဲဘော်က ပစ်နေတဲ့ကြားကပဲ တက်ပစ်တာ ပြောင်းကွဲပြီး ဒဏ်ရာရသွားပေမယ့်၊ သူတို့ယာဉ် တန်း ကိုထိလို့ ဒီကောင်တွေ(စစ်ကောင်စီ)ဘက်က တော်တော်လေးကျတယ်၊အရေအတွက်တော့ များမယ် ၊အတိအ ကျတော့မသိ သေး ဘူး”လို့သူကဆိုပါတယ်။
ပခုံးထမ်းလောင်ချာ(RPG)နဲ့ ပစ်ခတ်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကတော့ ပြောင်းကွဲသွားလို့ ဘယ်လက် ကောက် ဝတ်ပြတ်ထွက်ဒဏ်ရာ၊မျက်နှာတခြမ်းစုတ်ပြဲဒဏ်ရာတွေရခဲ့ပြီး တိုက်ပွဲကြားမှာပဲ ပြန်လည် ကယ် ထုတ်ကာ ဆေး ကုသပေးနေတယ်လို့ သိရပါတယ်။
ပခုံးထမ်းလောင်ချာ ပစ်ခတ်ရင်း ပြင်းထန်ဒဏ်ရာရရှိသွားသူဟာ တပ်စိပ်မှူးအဆင့်ရှိ ကာကွယ်ရေး တပ်ဖွဲ့ဝင် ဖြစ် တယ်လို့ Dynamite Emperror အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ခြုံခိုတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီ ကားတွေ ကတော့ တိုက်ပွဲအတွင်းသေဆုံးသူတွေကို ခင်ဦးမြို့နယ် ပေကြီးရွာနားမှာ မီးရှို့ခဲ့တယ်လို့ မြေပြင် သတင်းတွေ အရ သိရတယ်လို့ သူကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြု နိုင်ပါဘူး။