တရားမဝင်တဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ကြဖို့ ချီတက်ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြဖို့ လူထုအလံ၊ ကျောင်းသားအလံ၊ ချင်းအမျိုးသားအလံ တွေ ကိုင်ဆောင်ပြီး ဒီဇင်ဘာ (၁၄) ရက်ဒီကနေ့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အခုရက်ပိုင်းအတွင်း ကလေးမြို့မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက မြို့အနီးဝန်းကျင်တွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လုပ်နေတဲ့ကြားက အခုလို ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ချီတက်ဆန္ဒပြရာမှာ ပါဝင်သူတွေက ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို အလေးပြုခဲ့ကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြွော်ခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို မပျက်မကွက် နေ့စဉ်ရက်ဆက် သပိတ်မှောက်လာတာ (၆၇၆) ရက်ရှိခဲ့ပြီဖြစ်ပါတယ်။