“စေ့စပ်ရေး‌ အတွေးအခေါ်ကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” ဆိုပြီး ရန်ကုန်က လူငယ်တွေဆန္ဒထုတ်ဖော်

စစ်ကောင်စီရဲ့ စစ်ဆေးတင်းကျပ်မှုတွေနဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်က တော်လှန်ရေးအင်အားစုက လူငယ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တခု ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။

“စေ့စပ်ရေး‌ အတွေးအခေါ်ကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” စာသားပါ ဘန်နာကိုကိုင်စွဲပြီး ရန်ကုန်မြို့တနေရာမှာ ပြောက်ကျားဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ သပိတ်လှုပ်ရှားမှုကိုတော့ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS၊ လူ့ဘောင်သစ်လူငယ် – YNS နဲ့မင်္ဂလာတောင်ညွန့်မြို့နယ် သပိတ်ကော်မတီတို့က ပူးပေါင်းပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။