စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်မှာ စစ်ကောင်စီက လူထုလမ်းလျှောက်ပွဲလုပ်နေတဲ့ မြို့လယ်နာရီစင်အနီးမှာ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က မုံရွာကကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီကသေဒဏ်ချမှတ်ထားတဲ့ ကျောင်းသားလူငယ်တွေနဲ့ ပတ်သက်ပြီး “သူရဲကောင်းစိတ်ဓာတ်တွေ ကြိုးပေးလို့မသေ” စာတန်းပါဘန်နာ“နဲ့ ယုံကြည်ချက်ကို ကြိုးပေး၍မရ” စတဲ့စာတမ်းတွေကိုချိတ်ဆွဲပြီး မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦးနဲ့ လူငယ်တချို့ကို သေဒဏ်ချမှတ်တယ်လို့ ထုတ်ပြန်လိုက်တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့နောက်ပိုင်းမှာ ပြည်တွင်းပြည်ပ နဲ့နိုင်ငံတဝန်းမှာ ကန့်ကွက်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေကိုဆက်တိုက်ပြုလုပ်နေကြပါတယ်။
Related Articles
ချင်းပုန်းရွာက ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် လုယက်သွား
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ ဘုန်းကြီးကျောင်းပိုင် ကျပ်သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က လုယက်သွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ချင်းပုန်းရွာဝန်းကျင်ကို လေကြောင်းကနေပါ တိုက်ခိုက်ကာ ရွာထဲဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂၈ [ဆက်လက်ဖတ်ရှုရန်]
အရာတော်မှာ မိုင်းဆွဲခံရတဲ့ အကြမ်းဖက်တပ် အနီးရှိ ဇရပ်ကို မီးရှို့
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ် မိုင်းဆွဲခံရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇရပ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂၄ ရက်နေ့က အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာကနေ ထွက်လာတဲ့ အင်အား ၃၀ လောက်ပါတဲ့ ခြေလျင် အကြမ်းဖက်စစ်ကြောင်းကို ဆူးလေကုန်းချောင်းအနီးအရောက် ဒေသတွင်း [ဆက်လက်ဖတ်ရှုရန်]
ကလေးပြည်သူ့ရဲတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းတစ်မှု ဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်
စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ ကလေးပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ဖေဖေါ်ဝါရီလ တစ်လအတွင်းမှာ မူးယစ်ဆေးဝါးဖမ်းရရှိမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းမှု ၁ မှုတို့ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]