မိုးတွင်းကာလကုန်ပြီးနောက် လက်ရှိ ကရင်နီ ဒေသတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးလာပြီး စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေ ရတယ် လို့ သိရပါတယ်။
အခုလို မိုးအကုန်ကာလတွေမှာ စစ်ရှောင်စခန်း တွေအားလုံး သောက်သုံးရေလိုအပ်ချက်ရှိလာလို့ စတင်ကူညီပေးနေရပြီဖြစ်တယ်လို့ Mobye Rescue Team ကလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ သောက်သုံးရေရရှိဖို့အတွက် စစ်ဘေး ရှောင်ကူညီရေး အဖွဲ့အစည်းတွေပူးပေါင်းကာ နီးစပ်ရာ ချောင်းတွေကနေ ၈၀၀ဂါလံ ပါတဲ့ ရေ တစည်ကို ကျပ် တသောင်းသတ်မှတ်ပြီး စစ်ဘေး ရှောင်စခန်းတွေကို လိုက်ပို့ပေးနေရတယ်လို့ စစ် ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူတဦး က ပြောပါတယ်။
“ ရေသယ်ဖို့ကတော့ အဓိကကတော့ ကားဆီ ဘဲပေါ့နော် ၊ တချို့ကလည်းကျွန်မတို့ စိုက်ထုတ် ပေးထားတာတွေရှိတယ်၊တချို့ကလည်း စစ်ရှောင်တွေဆီကနေပြန်ရတာတွေလည်းရှိတယ်” လို့ သူကပြောပါတယ်။
စစ်အာဏာသိမ်းကာလအစောပိုင်းကတည်းကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့တဲ့ ကရင်နီဒေသက စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ လိုအပ်ချက် မြင့်တက်လာတဲ့အခြေအနေ၊ဆောင်းရာသီရောက်လာတာကြောင့်အနွေးထည်၊အဝတ်အထည်နဲ့စောင်တွေလိုအပ်နေသလို အဆင်ပြေရာ နေရာတွေမှာ တိမ်းရှောင်နေထိုင်ရတဲ့ စစ်ရှောင်တွေအတွက် သောက်သုံးရေး ရှားပါးလာမှုကလည်း ကြီးမားတဲ့ အခက်အခဲ တခုဖြစ်နေပါတယ်။
လက်ရှိဒေသတွင်းမှာစစ်ဘေးရှောင်စခန်းအများအပြားရှိတာကြောင့် စစ်ဘေးရှောင်းစခန်းတိုင်း ရေရရှိအောင် မလုပ်နိုင်သေးဘူးလို့ ကူညီရေး အဖွဲ့တွေက ပြောပါတယ်။
ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေအတွက် သောက်သုံးရေအပြင် ဆေးဝါး၊ အစားအသောက်နဲ့ အနွေးထည်တွေပါလိုအပ်နေတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်တွင်း မြို့တွေအပြင် ရှမ်း- ကယားနယ်စပ်မြို့တချို့ပါဝင်တဲ့ ကရင်နီဒေသ တိုက်ပွဲတွေကြောင့် လူဦးရေနှစ်သိန်း ထက်မနည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ ကရင်နီလူ့ အခွင့်အရေးအဖွဲ့ KnHRG ကအခုနှစ်မေလ အတွင်းထုတ်ပြန်ထားပါတယ်။
အခုလအတွင်းမှာလည်း ကရင်နီဒေသတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီကထိုးစစ်ဆင်လို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။
တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF)ရဲ့အချက်အလက်တွေအရ အာဏာ သိမ်းပြီးနောက် အခုနှစ်နိုဝင်ဘာလ ကုန်အထိ ကရင်နီဒေသမှာ တိုက်ပွဲပေါင်း (၅၅၀)ဝန်းကျင် ဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၇၀) ကျော်ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ်စုစုပေါင်း (၁၃၀၀) ကျော် ပျက်စီးခဲ့ပြီး ပြည်သူသုံးရာနီးပါး သေဆုံးခဲ့တယ်လို့ PKPF က ဆိုပါတယ်။