ရွှေပြည်သာမြို့နယ်၊ G&Bအထည်ချုပ်စက်ရုံက အ လုပ်သမားတွေကို ဆယ်ရက်စာလုပ်အားခပေးပြီးတလစက်ရုံပိတ်ဖို့ပြောလာတယ်လို့အဲဒီစက်ရုံအလုပ်သမားတွေဆီကသိရပါတယ်။
အဲ့ဒီစက်ရုံကိုအခုလတတိယပတ်ကနေ နောက်လအထိပိတ်ဖို့အသိပေးလာတာဖြစ်ပြီး စက်ရုံဘက်က ပိတ်ထားမယ့်တလစာအတွက် လုပ်အားခ ဆယ်ရက်စာသာပေးမယ်ဆိုတာကြောင့် အလုပ်သမားတွေက မကျေမနပ်ဖြစ်နေကြတာပါ။
စက်ရုံက စူပါတစ်ဦးကို ရာထူးလျှော့၊ ဌာနပြောင်းတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အဲ့ဒီအလုပ်သမားနဲ့ စက်ရုံအငြင်းပွားနေတာကိုဖြေရှင်းဖို့အတွက် အခုလ (၂၁) ရက်မှာ စက်ရုံစပိတ်မယ့်အကြောင်း အလုပ်သမားတွေကိုအသိပေးလာတာဖြစ်တယ်လို့ဆိုပါတယ်။
“အငြင်းပွားမှုဖြစ်ရုံနဲ့တစ်ရုံလုံးကိုပိတ်ထားမယ်ဆိုတာကတော့သိပ်ယုတ္တိမရှိဘူး၊အလုပ်သမားအများစုက ပိတ်မှာကိုမလိုလားသလို ဆယ်ရက်စာပေးမှာကိုလည်းသဘောမကျဘူး”လို့ အဲဒီစက်ရုံအလုပ်သ မားတဦးကပြောပါတယ်။
အငြင်းပွားမှုဖြေရှင်းဖို့ စက်ရုံပိတ်မယ်လို့ စက်ရုံတာဝန်ရှိသူတွေကအသံလွှင့်ထားပေမယ့် အဲ့ဒီအငြင်းပွားမှုကလည်း အလုပ်သမားနဲ့စက်ရုံကြားညှိနှိုင်းသဘောတူညီမှုရထားတယ်လို့သိရတဲ့အ တွက် ဆက်ပြီးစုံစမ်းနေတယ်လို့အဲဒီစက်ရုံအလုပ် သမားအရေးကူညီပေးနေတဲ့ သွေးစည်း ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)တာဝန်ရှိသူတဦးကပြောပါတယ်။
“အငြင်းပွားမှုဖြစ်တဲ့အလုပ်သမားကို နှစ်လစာ ခုနှစ်သိန်းပေးပြီးအလုပ်နားခိုင်းလိုက်တယ်လို့ကြားတယ်၊ပိတ်ရက်ဖြစ်နေတော့အလုပ်သမားတွေနဲ့ဆက်သွယ်လို့မရလို့နောက်ဆုံးအခြေအနေမသိရသေးဘူး၊မူလပြောထားသလိုပိတ်မှာလားမပိတ်ဘူးလားဆိုတာထပ်မသိရသေးဘူး”လို့သူကပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ လတ်တလောလပိုင်းအတွင်း ပိတ်သိမ်းတဲ့စက်ရုံ သုံးရုံအထိရှိပြီး အလုပ်သမားတွေနစ်နာကြေးအပြည့်အဝမရခဲ့ကြဘူးလို့ အလုပ် သမားအရေးလှုပ်ရှားသူတွေဆီကသိရပါတယ်။
အဲ့ဒါကြောင့် အခု G&B စက်ရုံက အလုပ်သမားတဦးနဲ့ဖြစ်တဲ့အငြင်းပွားမှုကိုအကြောင်းပြပြီး စက်ရုံပိတ်မယ်လို့အသံလွှင့်လာတဲ့အပေါ် အလုပ်သမားတွေကစိုးရိမ်နေကြတာပါ။
လက်ရှိမှာရွှေပြည်သာမြို့နယ်က စက်ရုံတရုံဖြစ်တဲ့ YFAအထည်ချုပ်စက်ရုံဟာလည်း အလုပ်သမားတွေကိုနို့တစ်ကြေးမပေးဘဲ စက်ရုံပိတ်လို့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ ဖြေရှင်းနေဆဲ ဖြစ်ပါတယ်။