မဟာချိုင် အလုပ်သမားရုံးရှေ့မှာ မြန်မာလုပ်သား ထောင်နဲ့ချီ ဆန္ဒပြ

ထိုင်းနိုင်ငံ၊ မဟာချိုင်က ထိုင်းနိုင်ငံအလုပ်သမား ကူ ညီ စောင့်ရှောက်ရေး ရုံးရှေ့မှာ မြန်မာရွေ့ပြောင်း အလုပ် သမားထောင်နဲ့ချီဟာ လုပ်ငန်းခွင် ဝင်ရောက်ခွင့်ရဖို့နဲ့ ပွဲ စားတွေရဲ့ လိမ်လည်မှုတွေကို ဖြေရှင်းပေးဖို့ ဒီကနေ့ ဒီဇင်ဘာ (၉)ရက်မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

မဟာချိုင်မှာရှိတဲ့ ပင်လယ်စာစက်ရုံကြီးတစ်ခုမှာ အလုပ် လုပ်ရမယ်ဆိုပြီး ထိုင်းနဲ့မြန်မာ အလုပ်သမားပွဲစားတွေက မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးထောင်ဝန်းကျင်ဆီက အလုပ်သွင်းပေးခ ဘတ် (၂၈၀၀) ကနေ (၂၂၀၀၀)ထိ တောင်းယူခဲ့ကြတယ်လို့ ဆန္ဒပြ အလုပ်သမားတွေဆီက သိရပါတယ်။

“ ကျွန်မတို့လင်မယားဆိုရင် အခုအိမ်ဌားခတောင် ပေးစ ရာမရှိတော့ဘူး၊စောင့်နေတာ လေးလရှိပြီ၊ Name List စာရွက်ကြီးကိုင်ပြီး တစ်နေ့ အလုပ်ဝင်ရနိုးနိုးနဲ့၊ ဒီစာ ရွက်ရှိရင် အလုပ်ရပြီပြောတာကိုး စောင့်တာပေါ့ ” လို့ ဆန္ဒပြ အလုပ်သမားတစ်ဉီးဖြစ်တဲ့ မယဉ်သိန်းက ပြော ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက အလုပ်လုပ်ခွင့် အမည်စ ယာရင်းကျပြီးသား အလုပ်သမားတွေကို လုပ် ငန်းတူ တခြားသော စက်ရုံတွေမှာ တစ်ပတ်အတွင်း လုပ်ငန်းခွင် ဝင်ရဖို့ ကြိုးစားပေးမယ်လို့ ပွဲစားတွေကထိုင်းအာဏာ ပိုင်တွေရှေ့မှာ ကတိပြုခဲ့ပေမယ့် အလုပ်သမား သုံး ထောင်ကျော်ဟာ အခုချိန်ထိ အလုပ်လက်မဲ့ဖြစ်နေဆဲပါ။

အဲ့ဒီလို Name List ကျပြီးသား အလုပ်သမားတွေဟာ ငါးထောင်ဝန်းကျင်အထိရှိနေပြီးအလုပ်ဝင်ခွင့်ရဖို့ စောင့် ဆိုင်းရင်း ခြောက်လဝန်းကျင် ရှိလာတဲ့အခါ စက်ရုံကို တိုက်ရိုက်သွားရောက် မေးမြန်းခဲ့ကြပါတယ်။ 

ဒီလိုသွားရောက်မေးမြန်းရာမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ တာ ကြောင့် ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပြီး ပြဿနာ ကိုဖြေရှင်းဖို့ ပွဲစားတွေကို ခေါ်ယူစစ်ဆေး မေးမြန်းရာမှာ တပတ်အ တွင်း လုပ်ငန်းခွင်သွင်းပေးဖို့ ပွဲစားတွေက ကတိပြုခဲ့ကြတာပါ။

စက်ရုံဘက်က ဒီလိုမျိုး သူတို့နာမည်သုံးပြီး လုပ် သားစု ဆောင်းနေမှုကို မသိခဲ့ဘူးလို့ ငြင်းဆိုထားပြီး လုပ်ငန်းခွင် မှာလိုအပ်တဲ့ နေရာတွေအတွက် အလုပ် သမားတွေ ခေါ် ယူပေးခဲ့ပေမယ့် လူပေါင်း ငါးထောင်ဝန်းကျင်ထဲက (၁၂၀၀)ကိုသာ အလုပ်ခေါ်ယူခဲ့ပါသေးတယ်။

“ ဒါက အကြီးစားလိမ်လည်မှုပဲ၊ ဒီလိုမျိုး လူပေါင်း ထောင်နဲ့ချီပြီးလိမ်တာ အရင်ကမကြားဖူးဘူး၊ အခုက စက်ရုံဘက်ကလည်းဒီလိုအလုပ်သမားတွေခေါ်ထားတာကို မသိဘူး၊ ဒီအမှုကို ဘယ်ရုံးကနေ တာ ဝန်ယူပြီးရှင်း ရမလဲ ဆိုတာတောင် သူတို့ဘာသာမသိဘူးဖြစ်သွားတယ်  ” လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အရေးကူညီပေး နေတဲ့AAC (လက်တွဲကူညီ)အဖွဲ့က တာဝန်ရှိသူတဦးဖြစ် တဲ့ ကိုနေလင်းသူက ပြောပါတယ်။