စစ်တပ်ဖမ်းသွားတဲ့ ကချင်ဘာသာရေးခေါင်း ဆောင် မိသားစုနဲ့အဆက်အသွယ်မရ

မန္တလေး လေဆိပ်မှာ စစ်ကောင်စီကဖမ်းဆီးသွား တဲ့ထင်ရှားတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီကနေ့အထိ ပြန် လွတ်လာတာမရှိသေးသလို မိသားစုနဲ့လည်း အ ဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတွေဆီ ကသိရပါတယ်။

ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဝေ င်းတဦးဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ် ကောင်စီက ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ် ကနေဖမ်းဆီးသွားတာဖြစ်ပြီး ဒီကနေ့အထိ သူ့ကို ဘာကြောင့်ဖမ်းဆီးတယ်၊ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မိသားစုကမသိရသေးပါဘူး။

ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ် ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန် လွှတ် ပေးဖို့သဘောထားထုတ်ပြန်တာတွေရှိနေပါတယ်။

ကချင်တိုင်းရင်းသားတွေကြား လူသိများ ထင်ရှား ပြီး သြဇာလည်းရှိတဲ့ ဒေါက်တာခလမ်ဆန်ဆွမ်ကို စစ်ကောင်စီကဖမ်းဆီးတာနဲ့ပတ်သက်လို့ ပိုမိုရှုပ် ထွေးတဲ့ လူမျိုးရေးနဲ့ဘာသာရေးစစ်ပွဲဆီ ဦးတည် စေတဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်လို့ World Kachin Congress (WKC)က ဒီကနေ့ထုတ်ပြန်ပါတယ်။ 

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို လက်ရှိလည်း အကြံ ပေးအဖြစ်တာဝန်ထမ်းဆောင်နေတာပါ။ဒါ့အပြင်  ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)ဥက္ကဌ လည်းဖြစ်သလိုငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်း ဆောင်နေသူလည်းဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ (၂၀၁၉)ခုနှစ်ကအမေရိကန်နိုင်ငံခရီးစဥ်အတွင်း သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်က ခရစ္စယာန် တွေကိုဘာသာရေးအရဖိနှိပ်နေကြောင်း ပြောဆိုခဲ့လို့ စစ်တပ်ကအမှုဖွင့်ဖို့ စီစဥ်ခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာတော့ စစ်တပ်ကအမှုဖွင့် တရားစွဲတာမရှိတဲ့အပြင် ၂၀၂၀ နှစ်ကုန်ပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မြစ်ကြီးနားမြို့ခရီးစဥ်အတွင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။