ပုသိမ်မှာ ဧည့်စာရင်းမတိုင်လို့ ဆိုပြီး စစ်တပ်က ဒေသခံသုံးဆယ်ကျော်ကို ဖမ်းပြီး တယောက်ငါးသောင်းတောင်း

ဧရာဝတီတိုင်း ပုသိမ်မြို့ မှာ မနေ့ ဒီဇင်ဘာ ၅ရက်ညပိုင်းက ပုသိမ်မြို့အမှတ် ၆ရပ်ကွက်ထဲကိုစစ်ကောင်စီနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းဝင်စစ်ပြီးဒေသခံအယောက် ၃၀လောက်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

ပုသိမ်မြို့မှာရှိတဲ့ ၆ ရပ်ကွက်ထဲက ရှိ ကုသိန္တာရုံ အတွင်းလမ်း က ထန်းကုန်းလေးရပ်ထဲကိုရှောင်တခင်ဆိုပြီး ဧည့်စာရင်းဝင်စစ်ခဲ့ပြီး ဧည့်စာရင်းမတိုင်ရသေးတဲ့သူတွေနဲ့ရက်ကျော်သူတွေကို တယောက်ကို ငွေ ၅သောင်းစီတောင်းခဲ့တယ်လို့လည်းဆိုပါတယ်။

“ပုသိမ်မှာ ကညတိုင်းဧည့်စာရင်း စစ်နေတာ၊ ဖမ်းတာကလည်း ညတိုင်းပဲ၊ဒါပေမယ့် ဒီတစ်ခါ အဖမ်းခံ ရတာ ဒဏ်တပ်ခံရတာအများဆုံးပဲ” လို့ အုပ်ချုပ်ရေးအဖွဲ့ နဲ့ နီးစပ်သူတစ်ဦးကDNAကိုပြောပါတယ်။

မြို့ခံတွေဆီက ရတဲ့ ဒဏ်ငွေတွေကိုစစ်ကောင်စီတပ်ဖွဲ့ ခေါင်းဆောင်ကယူသွားပြီးရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ကတော့ ဖမ်းထားတဲ့သူတွေ ကို ခံဝန်ချက်လုပ်ခိုင်းပြီးဧည့်စာရင်း ပုံမှန်တိုင်ဖို့ပြောဆိုပြီးပြန်လွှတ်ပေးလိုက် တယ် လို့ ဆက်သိရပါတယ်။

အဖမ်းခံရတဲ့ သူတွေဟာရပ်ကွက်အတွင်း အိမ်ငှားရမ်းနေထိုင်သူတွေ အများစုဖြစ်ပြီးတချို့ကတော့ မိသားစု အိမ်ထောင်ပွား တွေ ဖြစ်ကာ တစ်အိမ်တည်း မှာနေထိုင်သူတွေ ဖြစ်ပေမယ့် အိမ်ထောင်စုဇယားအတွင်း စာရင်းမဖြည့်ရသေးသူ သန်းခေါင်းစာရင်း မပြောင်းရသေးသူ မလုပ်ရသေးသူတွေ ဖြစ်တယ် လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

“သန်းခေါင်စာရင်းကလွယ်လွယ်ကူကူလုပ်လို့မရဘူး။ မှတ်ပုံတင်ရုံး မှာ ငါးသောင်းကျော်ကုန်တယ် ဆို တော့မတတ်နိုင်ဘူးလေ။ အဲဒီတော့ မလုပ်တော့ပဲ ဧည့်စာရင်းတိုင်ပြီး ယာယီသန်းခေါင်စာရင်းနဲ့နေကြတာ အခုက အဖမ်းခံရသူတွေထဲမှာ တနယ်တကျေးကလာတဲ့ဧည့်သည်တွေမပါဘူး’’လို့ မြို့ခံတဦးကလည်းရှင်းပြပါတယ်။

ဒါ့အပြင်ဧည့်စာရင်းစစ်ချိန်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ ဒေသခံနေအိမ်ဘုရားခန်းတွေအထိ ဖိနပ်တွေစီးတာနေအိမ်ထဲက မိသားစုတွေကိုအကြောင်းမဲ့ဆဲဆိုတာတွေ လုပ်တယ်လို့လည်း မနေ့ညပိုင်းကဖြစ်သွားတဲ့အခြေအနေကို ဒေသခံတွေကပြောပြကြပါတယ်။

အခုနောက်ပိုင်းမှာလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တော်လှန်ရေးအင်အားစုတွေကစစ်ဆင်ရေးတွေဖော်ဆောင်မှုတွေအပြီးနောက်ပိုင်းမှာလည်း ဒေသခံတွေကိုစွပ်စွဲဖမ်းဆီးတာတွေကိုလည်း စစ်ကောင်စီတပ်တွေကတောက်လျှောက်လုပ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။