အဖွဲ့ဖျက်သိမ်းပြီး ရန်ကုန်ကိုစွန့်ခွာပြီလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) ကြေညာ

မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တွံတေး)ဟာအဖွဲ့ကိုဖျက်သိမ်းပြီး ရန်ကုန်ကိုစွန့်ခွာခဲ့ပြီဖြစ်ကြောင်းနဲ့ လက်ရှိမှာ အဖွဲ့ ဝင်တွေအနေနဲ့ တိုင်းရင်းသားဒေ သတခု ကိုရောက်နေပြီလို့ ထုတ်ပြန်ပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)ကို ဒီဇင်ဘာ (၃)ရက်က ဖျက်သိမ်းခဲ့ပြီး အခုလို ရန်ကုန် ကို စွန့်ခွာခဲ့တာဟာအဖွဲ့အနေနဲ့ဆက်လက်ရပ်တည်ဖို့ အခက် အခဲရှိတာကြောင့်လို့ဆိုပါတယ်။

တပ်ဖွဲ့ဖျက်သိမ်းတာနဲ့ပတ်သက်လို့အဲ့ဒီအဖွဲ့ကို DNA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန် ကြားတာမရှိပါဘူး။တွံတေးမြို့နယ်မှာ အခုနှစ် သြဂုတ်လအတွင်းဖြစ်ခဲ့တဲ့ ဇီးဖြူကုန်းရွာ အုပ်ချုပ် ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး ခြောက်ဦးသေဆုံး တဲ့ဖြစ်စဥ်ဟာမြို့ပြပြောက်ကျားအဖွဲ့(တွံတေး)ကလုပ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအချိန်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

အခုလိုတွံတေးမြို့နယ်မှာလှုပ်ရှားနေတဲ့ မြေ အောက်တော်လှန်ရေးအဖွဲ့တွေဟာ အခက်အခဲအမျိုးမျိုးကြောင့် ဒေသ စွန့်ခွာမှုတွေရှိနေပေမယ့် Twantay Royal Defence Forceအဖွဲ့ကတော့ ဆက်လက်ရပ်တည်တိုက်ပွဲနေဦးမယ်လို့ TRDFရဲ့အဖွဲ့တာဝန်ခံက DNAကိုပြောပါတယ်။

“တော်လှန်ရေးအောင်မြင်ပြီးသည့်တိုင် အောင် ပြန်လည်ထူထောင်ရေးတွေဆက်လက်လုပ်ဆောင်ဖို့ထိ ရည်ရွယ်ဖွဲ့စည်းခဲ့တာကြောင့် ဘယ်တော့မှ မ ဖျက်သိမ်းပါဘူး၊ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဆက်လက်ရှိနေမှာပါ”လို့TRDFအဖွဲ့တာဝန်ခံကပြောပါတယ်။

တွံတေးမြို့နယ် အခြေစိုက် မြေအောက်တော် လှန်ရေးအဖွဲ့အနေနဲ့ Twantay Rangerအဖွဲ့၊မြို့ ပြပြောက်ကျား တပ်ဖွဲ့(တွံတေး)နဲ့ Twantay Royal Defence Force စတဲ့အဖွဲ့က စစ်ကောင်စီကို တော် လှန်တိုက်ခိုက်နေခဲ့တာပါ။အဲ့ဒီအထဲက နှစ်ဖွဲ့က အခုနှစ်အတွင်းဖျက်သိမ်းကြောင်းကြေညာခဲ့တာပါ။

Twantay Ranger အဖွဲ့က အခုနှစ် နှစ်လယ်ပိုင်းမှာ ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီး တွံတေးမြို့အ ခြေစိုက် မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေထဲ ပထ မဆုံးဖျက်သိမ်းသွားတဲ့အဖွဲ့ဖြစ်ပါတယ်။

“အဓိကကတော့ ငွေကြေးပေါ့၊ငွေကြေးမရှိရင် လက် နက်တပ်ဆင်တာမလုပ်နိုင်ဘူး၊သူတို့က လူတွေ၊ ဘဝတွေနဲ့ရင်းနေချိန်ကျွန်တော်တို့ပြည်သူတွေဘက်ကလည်းတက်နိုင်တဲ့ဘက်ကရပ်တည်နိုင်ဖို့ထောက်ပံ့ခဲ့တာပါပဲ၊ဒါပေမယ့်လက်ရှိမှာတော့ ဆက်လက် ရပ်တည်ဖို့မဖြစ်နိုင်တော့လို့အခုလိုစွန့်ခွာကြတာနေမှာပါ”လို့အဖွဲ့အမည်မဖော်လိုတဲ့တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဖျက်သိမ်းသွားတဲ့ တွံတေးမြို့အခြေစိုက်မြေ အောက်တော်လှန်ရေးအဖွဲ့တွေဟာတွံတေးမြို့နယ်အတွင်းက သတင်းပေးဒလန်၊စစ်ကောင် စီ ထောက် တိုင်နဲ့စစ်ရေးပစ်မှတ်တွေကို တိုက် ခိုက် တာတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ကြ ဖူးပါတယ်။