တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာ(၄)ရက် မနေ့ က ညပိုင်းက မြန်မာလုပ်သားတဦး ကားတိုက် ခံရပြီးသေဆုံးသွားတယ်လို့အဲဒီနိုင်ငံရောက် မြန်မာလုပ်သားအရေးကူညီနေသူတွေဆီကသိရ ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ဆိုလ်းမြို့၊ အွန်ဖြောင်းမြို့ နယ်မှာ မနေ့ကည (၁၁)နာရီလောက်က အသက် အသက် (၃၅)နှစ်အရွယ် မြန်မာလုပ်သားကို ကိိုရီးယားနိုင်ငံသားမောင်းလာတဲ့ကားက ဝင်တိုက်မိပြီး သေ ဆုံးခဲ့တာလို့သိရပါတယ်။
“သူ့မိသားစုတွေကိုလည်းဆက်သွယ်အကြောင်း ကြားပြီးပြီ၊မိသားစုဆန္ဒအတိုင်းမြန်မာအသိုင်း အဝိုင်းကကူညီပေးသွားဖို့ရှိတယ်”လို့ တောင်ကိုရီးယားနိုင်ကမြန်မာလုပ်သားအရေးကူညီနေသူတဦးကပြောပါတယ်။
ကားတိုက်ခံရပြီးသေဆုံးသူဟာရန်ကုန်မြို့၊လှည်းကူးမြို့နယ်ကနေလာရောက်အလုပ်လုပ်ကိုင်နေထိုင်နေတဲ့ အသက် (၃၅)နှစ်အရွယ် ကိုနိုင်မင်းထွန်း ဖြစ်ပြီး ဦးခေါင်းထိခိုက်ဒါဏ်ရာရကာ ဒဏ်ရာ ပြင်းထန်တာကြောင့်သေဆုံးခဲ့တာလို့ မြန်မာလုပ် သားအရေးကူညီပေးနေသူ ကိုဇော်မိုးအောင် ကဆိုပါတယ်။
ကိုနိုမင်းထွန်ဟာ ကားတိုက်မခံရခင်အချိန်ကအ ရက်မူးနေပြီး ကားလမ်းပေါ်မူးလဲအကျမှာ ကား နဲ့တိုက်မိခဲ့တာလ်ို့ရဲစစ်ချက်တွေမှာဖော်ပြထားကြောင်းတောင်ကိုရီးယားသတင်းတွေကဆိုပါတယ်။
ကားတိုက်ခံရပြီးနီးစပ်ရာဆေးရုံကို ပို့ခဲ့ပေမယ့် လည်းသေဆုံးသွားခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။
အခုဖြစ်စဥ်ဟာ တောင်ကိုရီးယားနိုင်ငံမှာဒီနှစ်အ တွင်းမြန်မာလုပ်သားကားတိုက်သေဆုံးတဲ့ပထမဆုံးဖြစ်စဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီ နိုင်ငံမှာ မြန်မာလုပ်သား (၄၅၀၀၀) လောက် အ လုပ်လုပ်ကိုင်နေထိုင်နေကြတာပါ။