စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား လေးဆယ်ဦးထက်မနည်းကို ဖမ်းဆီးထား

 
စစ်တပ်က အာဏာသိမ်ပြီးနောက်မတရားတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်း သား၊ ကျောင်းသူ လေးဆယ်ဦးထက်မနည်းရှိနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန် ထက်က DNAကို ပြောပါတယ်။
 
“တကယ့်လက်တွေ့မှာ၊တကယ့်မြေပြင်မှာ အဲ့ဒီထက်များကောင်းများနိုင်ပါတယ်၊အယောက် လေးဆယ်ဆိုတာ ကျွန်တော်တို့လက်လှမ်းမှီသလောက် စာရင်းကောက်ယူထားချက်အရ ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်း သားတွေထဲက ရှစ်ဦးကိုတော့ စစ်ကောင်စီက သေဒဏ်ချ မှတ်ထား တယ်လို့ ကိုမင်းဟန်ထက်ကပြောပါတယ်။စစ်ကောင်စီဟာ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို ပြီးခဲ့တဲ့ ရက် ပိုင်းကပဲ သေဒဏ်ချမှတ်ခဲ့တာပါ။
 
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ဒဂုံ တက္ကသိုလ်ကျောင်းသားတွေထဲမှာ တသက်တကျွန်း ထောင်ဒဏ်ချမှတ် ခံရသူ၊နှစ် ရှည် ထောင်ဒဏ်ချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။
 
အခုနှစ်မတ်လအတွင်းကလည်း ဒဂုံ တက္ကသိုလ်ကျောင်းသူတဦးဖြစ်တဲ့ မဆောင်းလေပြေ(ခ)ဇူဇူးကို အထက် တန်း ပြဆရာမတဦးပစ်သတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးပြီး စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ပါ တယ်။ ဒါပေမယ့် အဲ့ဒီသေဒဏ် ချမှတ်မှုကို အယူခံဝင်ရာမှာ ထောင်ဒဏ်တသက် အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
 
စစ်ကောင်စီဟာ ပြည်သူတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊နိုင်ငံရေးအကျဥ်းသားတွေအပြင် သူတို့နဲ့ဆန့် ကျင် ဘက် နိုင်ငံရေးပါတီတွေအပေါ် မတရားတဲ့ဥပဒေတွေနဲ့ ဖမ်းဆီးအကျဉ်းချ နှိပ်စက်သတ်ဖြတ်နေတယ်လို့ တော် လှန်ရေး အင်အားစုတွေက ဝေဖန်ထားပါတယ်။
 
အဲ့ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် ဖိအာပေးတားဆီးနို င်တာမရှိသေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်က ဆိုပါတယ်။
 
“ဒီလိုမျိုးပေါ်ပေါ်ထင်ထင်လူသတ်ဖို့ကြိုးစားလာတဲ့ကိစ္စတွေ၊ဒီလိုဥပဒေကိုအသုံးချပြီး လူသတ်ဖို့ကျူး လွန်ဖို့ကြိုး စားတဲ့ကိစ္စတွေ၊ဒီလို ကိစ္စတွေကို နိုင်ငံတကာကနေထိထိရောက်ရောက် ဖိအားပေးနိုင်တာ၊ တားဆီးနိုင်တာမျိုး မတွေ့ရသေးဘူး၊အဲ့ဒီဟာတော့ အင်မတန်အရေးကြီးပါတယ်”လို့ သူကပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားတဲ့ အချက်အလက် တွေအရ စစ်အာဏာသိမ်းကာလအတွင်း ဒီဇင်ဘာ(၁)ရက် မနေ့ကအထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစု ပေါင်း (၁၃၀၁၇) ဦးရှိပြီး (၁၆၆၆) ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံထားရပါတယ်။
 
ဖမ်းဆီးခံထားရသူတွေထဲက (၉၀)ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားတယ်လို့ AAPP ကအတည်ပြု ထား နိုင်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခုနစ်ဦး သေဒဏ်ချမှတ်ခံရတာကို အတည်ပြုနေ ဆဲလို့ ဆိုတာ ကြောင့် အဲ့ဒီခုနစ်ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသူ (၉၇)ဦးရှိလာပါတယ်။
 
AAPP ကအတည်ပြုထားတဲ့အချက်အလက်တွေအရ ဖမ်းဆီးခံရပြီးသေဒဏ်ချမှတ်ခံရသူတွေထဲမှာ အမျိုးသမီး ကိုးဦးလည်း ပါဝင်ပါတယ်။ဒါ့အပြင် စစ်ကောင်စီက(၄၂)ဦးကိုတော့ မျက်ကွက် သေဒဏ်ချမှတ်ထားပါတယ်။ဒ ါကြောင့် အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ်ထားသူစုစုပေါင်း (၁၃၉) ဦးအထိ ရှိနေပါတယ်။