ပုသိမ်ကြီး​မြို့နယ် အပြန်အလှန် ပစ်ခတ်မှုမှာ PDF လေးဦးကျဆုံး​

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် (၁၉) လမ်း အဆုတ်ဆေးရုံနားမှာ နိုဝင်ဘာ (၂၁) ရက် နေ့လယ် ၂ နာရီခန့်က ​ဖြစ်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ PDF အဖွဲ့ဝင်လေးဦးသေဆုံးတယ်လို့စစ်ကောင်စီက ထုတ်ပြန်သလို သက်ဆိုင် PDF အဖွဲ့ကလည်း DNA ကိုအတည်ပြုပါတယ်။

အဲ့ဒီ PDF တပ်ဖွဲ့ဝင်တွေကိုသတင်းအရ သွား ရောက်ဖမ်းဆီးရာမှာအပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အသေဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။

သေဆုံးခဲ့တဲ့ လူငယ် လေးဦးဟာ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power – GZP အဖွဲ့ရဲ့ ဒု-ခေါင်းဆောင် ကျွဲကြီး (ခ) သက်နိုင်ထွန်း၊ ဘဏ္ဍာရေးတာဝန်ခံ အကြီး ကောင် (ခ) မိုးကို၊ တပ် ဖွဲ့ဝင် ဇေယျနဲ့ ကျော်စွာလင်းတို့ လေးဦးဖြစ်ပြီး ပစ္စတို နှစ်လက်၊ ကျည် အိမ် နှစ်ခုနဲ့ လက်ပစ်ဗုံး နှစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က အခုလိုသတင်းထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး DNAသတင်းဌာနက Generation Z Power – GZPအဖွဲ့တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းရာမှာ မှန်ကန်ကြောင်းအတည်ပြုပေမယ့် အသေးစိတ်ကိုတော့ ဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီတပ်နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်လေးဦးဟာ ပစ်ခတ်မှုအတွင်း တ ဦးသာသေဆုံးခဲ့ပြီး သုံးဦးကိုအရှင်ဖမ်း မိ တာ ဖြစ်တယ်လို့လည်း မန္တလေး တော်လှန်ရေး အင်အ ားစုတွေကိုကိုးကားထားတဲ့ သတင်းတချို့က ဆိုပါတယ်။အဲ့ဒီအချက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

GZP အဖွဲ့ဟာ စစ်ကာင်စီရဲ့ဂိတ်၊ကင်းစခန်းတွေအ ပြင် လက်ပါးစေဒေါက်တိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေထုတ်ပြန်ထားတဲ့မြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်ပါတယ်။