စာရေးဆရာအကြည်တော်ရဲ့ နောက်ဆုံးခရီး

နိုင်ငံကျော်စာရေးဆရာအကြည်တော်ရဲ့ နာရေးကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့ရေဝေးသုသာန်မှာပြုလုပ်နေတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

နာရေးအစီအစဉ် နဲ့ ဂူသွင်းသင်္ဂြိုလ်တာကို ညနေ ၄နာရီမှာ ပြုလုပ်မှာဖြစ်ပေမယ့်စာရေးဆရာအကြည်တော်ကို ချစ်ခင်ကြတဲ့ စာပေအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်တွေဟာ မွန်းလွဲ ၂ နာရီကတည်းက ရောက်ရှိနေကြပါတယ်။

မွန်းလွဲ ၃ နာရီကနေ ၄နာရီအထိကိုတော့ စာရေးဆရာအကြည်တော်ကိုချစ်တဲ့ စာပေအသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ ပရိသတ်တွေက နောက်ဆုံးအနေနဲ့ဂါရဝပြုနှုတ်ဆက်ဖို့ မိသားစုတွေကစီစဉ်ပေးထားကြပါတယ်။

ပရိသတ်တွေကို ရယ်မောမှုတွေနဲ့ ဘဝအမောပြေစေခဲ့တဲ့ စာရေးဆရာအကြည်တော်ရဲ့ နောက်ဆုံးခရီးကိုတော့ စာပေအသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ပရိသတ်ရာချီက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။