ထီဆုငွေ ကျပ်သိန်း တထောင်ကျော် လာမထုတ်ရင် သိမ်းယူမယ်လို့ စစ်ကောင်စီကြေညာ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၁)ရက်က ဖွင့်လှစ်ခဲ့တဲ့ ထီဖွင့်ပွဲမှာ ထီပေါက်ထားပြီးလာထုတ်ယူတာမရှိတဲ့ ထီဆုငွေတွေကို သတ်မှတ်ကာလကျော်ရင် သိမ်းယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံအောင်ဘာလေသိန်းဆုဌာနခွဲက အခုလဆန်းမှာ ကြေညာထားပါတယ်။

အဲဒီထီဖွင့်ပွဲမှာ ဆုမဲ ၁၂၀၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ထုတ်ယူခြင်းမရှိသေးတဲ့ဆုမဲ (၁၁၀၀) လောက်ရှိတယ်လို့ စစ် ကောင်စီကြေညာချက်ကဆိုပါတယ်။

ထုတ်ယူခြင်းမရှိသေးတဲ့ဆုမဲတွေထဲမှာ တန်ဖိုးအမြင့်ဆုံး အနေနဲ့ ကျပ်သိန်း၅၀၀ တစ်ဆုပါဝင်ပြီး ကျန်ဆုငွေ တွေ မှာ ကျပ်သိန်း ၅၀တစ်ဆု၊ ကျပ်သိန်း ၂၀ ဆု နှစ်ဆု၊ ကျပ် ၁၀သိန်းဆု တစ်ဆု၊ကျပ် ၃သိန်းဆု နှစ်ဆု ကျပ်နှစ်သိန်း၊ ကျပ်တသိန်း၊ကျပ်ငါးသောင်းဆုတွေအများအပြားပါဝင်တယ်လို့သိရပါတယ်။

အဲဒီဆုငွေတွေကို အခုလကုန် နိုဝင်ဘာ (၃၀) ရက်အထိ လာရောက်ထုတ်ယူတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့ စစ်ကောင်စီက သတိပေးထားတာပါ။

“စစ်တပ်အတွက်ကလာမထုတ်လေကြိုက်လေပေါ့၊ထီထိုးသူရှိနေသမျှစကစအတွက်ဝင်ငွေတိုးနေမှာပဲ” လို့ အခွန် ရုး CDMဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီအတွက်ငွေရ ပေါက်ရလမ်း​ဖြစ်တဲ့အောင်ဘာလေထီဝယ်ယူကံစမ်းမှုကို ပြည်သူအများစုက အာဏာဖီဆန်တဲ့လူပ်ရှားမှု CDM ပြုလုပ်ကာ ဝယ်ယူကံစမ်းမှုမရှိတော့ပါဘူး။

အဲဒီလို ဆန့်ကျင်မှုပြုလုပ်ခဲ့တာကြောင့် အာဏာ သိမ်း ကာလအတွင်းထီရောင်းအားတရှိန်ထိုးကျဆင်းခဲ့တယ်လို့ ထီကိုယ်စားလှယ်တွေဆီကသိရပါတယ်။

“ထီဆိုင်ကြီးတချို့ဆိုလည်းလွန်ဆန်မရလို့သာဟန် ပြ ဆက်ရောင်းနေတာ၊ထီစျေးကွက်က အာဏာ သိမ်းပြီး ကတည်းကပျက်နေပြီ၊ထီထိုးတဲ့သူအများစုက ဝန်ထမ်း အသိုင်းဝိုင်း၊တပ်အသိုင်းအဝိုင်းနဲ့ စစ် တပ်ထောက်ခံသူ တွေလောက်ဘဲကျန်တယ်”လို့ ထီကိုယ်စားလှယ်တ ဦးက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က လစဥ်ထီအုပ်ရေ ၁ဒသမ ၂သန်းခန့်ရောင်းရပြီး အာဏာသိမ်းပြီးနောက် ထီအုပ်ရေ သုံးသိန်းလောက်သာရောင်းရတဲ့အထိ ရောင်းအားကျ ဆင်းသွားတယ်လို့ဆိုပါတယ်။

အဲဒီလိုရောင်းအားကျဆင်းခဲ့တာကြောင့် အရင်ထီလက်မှ တ်ရောင်းရငွေရဲ့ ၆၀ ရာခိုင်နှုန်းကိုဆုငွေပြန်ထုတ်ပေး ရာကနေ ၇၀ ရာခိုင်နှုန်းအထိဆုငွေတိုးပေးပြီး စစ်ကောင် စီကဆွဲဆောင်ခဲ့သလို ပြီးခဲ့တဲ့လကစလို့ အက္ခရာနဲ့ဂဏန်း တစ်လုံးတူအတွက် ဆုငွေတစ်သောင်းပေးတဲ့ ဆုစနစ်ကို ပါထည့်သွင်းခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ထီလက်မှတ်ရောင်းအား တိုး လာတာမရှိသလို ပြည်သူအများစုရဲ့ပစ်ပယ်မှုခံ ထားရ ဆဲဖြစ်တယ်လို့ ထီလုပ်ငန်းအသိုင်း အဝိုင်းဆီက သိရပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရကလည်း စစ်ကောင်စီ ရဲ့အောင်ဘာလေထီကို ယှဥ်ပြိုင် ထိုးနှက်နိုင်ဖို့အတွက် အွန်လိုင်းစနစ်နဲ့ဝယ်ယူကံစမ်းရတဲ့ နွေဦးထီ ဖွင့်လှစ်ရောင်းချပေးနေပြီး လက်ရှိမှာ မျှော်မှန်းသလောက် အောင်မြင်မှုရတဲ့ အခြေအနေတော့ မရှိသေးပါဘူး။