ဂန့်ဂေါမှာ ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးတွေကို ပျူစောထီးရန်က ကာကွယ်ဖို့ မိုင်းထောင်ထားရတယ်လို့ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်တဲ့ စပါးခင်းတွေကို ဒေသတွင်း ပျူ စောထီးအဖွဲ့တွေ ခိုးယူရိတ်သိမ်းမှာနဲ့ လုယက်မှာစိုးရိမ်လို့ စပါးခင်းတွေဝန်းကျင်မှာ မိုင်းထောင်ပြီး ကာကွယ် ထားရတယ်လို့ ဂန့်ဂေါခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ခံ ကိုစတီဗင်က DNAကိုပြောပါတယ်။

“သူတို့(ပျူစောထီးတွေ)က ပစ္စည်းခိုးနေကျဆိုတော့ ခုလိုရာသီမှာ ကင်းစောင့်ထားထားတဲ့သဘောပါ၊ မိုင်းတွေက တော့ကွဲတာပဲ၊ဒီနေ့လည်းကွဲတယ်” လို့ သူကပြောပါတယ်။

ဂန့်ဂေါဒေသအတွင်း အင်အားကောင်းတဲ့ ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ အနီးအ နားကျေးရွာတွေက လယ်ယာတွေကို လုယူရိတ်သိမ်းတာ၊အပိုင်သိမ်းယူတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံ တောင်သူတွေက ပြီးခဲ့လပိုင်းတွေကတည်းက DNA ကို ပြောကြပါတယ်။

“နွားကလေးတွေကစ ဆွဲသွားတာ၊စပါးစိုက်ချိန်တုန်းက သူတို့(ပျူစောထီးတွေ)ကဘာပြောလည်းဆိုတော့ စိုက်မ နေနဲ့၊သူတို့စိုက်လိမ့်မယ်၊ရိတ်ချိန်တန်မှသွားရိတ်ကြအောင်ဆိုပြီးမှပြောကြတာ၊ကျွန်တော်တို့တဆင့်စကားဆိုပေမယ့် သူတို့ပြောတာသေချာမှန်းသိတယ်၊ခုတော့ ကလေးတွေကမိုင်းနဲ့ကာထားတော့ ဒီကောင်တွေမလာရဲဘူး၊ လာ တဲ့ကောင်တွေလဲမိုင်းထိသေကြပေါ့၊ ကွဲနေတာပဲ” လို့ ဒေသခံ တောင်သူတဦးကပြောပါတယ်။

လယ်ယာတွေ ဝန်းကျင်မှာ မိုင်းတွေထောင်ထားတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေက ပြည်သူတွေကို မ သွားလာရမယ့်နယ်မြေတွေ အသိပေးထားတယ်လို့ဆိုပါတယ်။အဲ့ဒီလို အသိပေးထားပေမယ့် နိုဝင်ဘာလဆန်းမှာ လယ်မြေတခုအနီး မိုင်းကွဲလို့ သွားကြည့်တဲ့ သင်တောရွာသားတဦး မိုင်းထိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လယ်ယာမြေတွေအနီးမှာ အခုလိုမိုင်းထောင်တားဆီးတာကို သီးနှံရိတ်သိမ်းချိန်တင်မကဘဲ တောက်လျောက် လုပ်သွားမှာဖြစ်တယ်လို့ ဂန့်ဂေါခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ခံ ကိုစတီဗင်ကပြောပါတယ်။

မြောက်ခင်ရန်းကျေးရွာဟာ ပျူစောထီးကျေးရွာဖြစ်ပေမယ့် စစ်ကောင်စီစစ်ကြောင်းမရှိချိန်တွေမှာ အင်းအားနည်း နေတတ်ပြီး ထောက်ပံ့မှုမရချိန်မှာ အနီးအနားကျေးရွာတွေက ဒေသခံတွေရဲ ပိုင်ဆိုင်မှုတွေကို လုယက်သိမ်းယူ လေ့ရှိတယ်လို့ဒေသခံတွေက ဆိုပါတယ်။

“ကာကွယ်ရေးတပ်ဖွဲဝင်တွေမရှိတဲ့အခါမျိုးမှာ တောင်ခင်ရန်းရွာကို စျေးလာဝယ်တယ်၊ စျေးလာဝယ်တာက ပေး ချင်သလောက်ပေးအတင်းရောင်းခိုင်းတာ၊တောင်ခရန်းစခန်းကရဲတွေန(နဲ့)ပေါင်း ဆီပေပါသုံးလုံးရှိရင် သုံးလုံး ရောင်းတာမျိုး ” လို့ တောင်ခင်ရန်းရွာဝန်းကျင်က ကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။