ရန်ကုန်မြို့၊ဒေါပုံမြို့နယ်၊ဇေယျာသီရိရပ်ကွက်က K payစင်တာနဲ့ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်က လျှပ်စစ် ရုံးအနီးမှာ မနေ့ကညပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၈ရက် မနက်ပိုင်းတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေတွေ့လို့ စစ်တပ်က ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၈ရက် မနက်ပိုင်းက အရှေ့ဒဂုံမြို့နယ်( ၁၃၃)ရပ်ကွက်၊မင်းရဲကျော်စွာလမ်းမပေါ်က မြို့နယ် လျှပ်စစ်ရုံးအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကို ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ပြီး စစ်ကောင်စီ တပ်ကို ခေါ်ယူဖောက်ခွဲခဲ့တယ်လို့ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
“ပထမ ဒီမင်းရဲကျော်စွာလမ်းမကြီးကို ပိတ်လိုက်တော့ ဘာဖြစ်မှန်းမသိဘူး၊နောက်ကျမှ အုန်းဆိုပေါက်တဲ့ အသံကြားမှ သူတို့ဗုံးကို ဖောက်ခွဲလိုက်တာသိရတာ”လို့ (၁၃၃)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒေါပုံမြိုနယ်၊ ဇေယျာသီရိရပ်ကွက်၊ ယမုံ လမ်းနဲ့အောင်သုခလမ်းထောင့်မှာရှိတဲ့ ကမ္ဘောဇ K Pay စင်တာလုံခြုံရေးကင်းတဲအနီးမှာ နိုဝင်ဘာ ၇ရက် ည ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
” လက်လုပ်ဗုံးပေါက်တာပါ၊သူတို့(စကစ)က ဒီ K pay စင်တာနားမှာ လုံခြုံရေးယူထားတာရှိတယ်၊အဲ့ဒီနားမှာ ကြွပ်ကြွပ်အိပ်အမဲနဲ့ထည့်ထားတာကို သူတို့တွေပြီး ည ကိုးနာရီလောက်က ဖောက်ခွဲလိုက်တာ ၊ပံသကူကောင် တဲ့သူတွေတောင် ဆက်မကောက်ရဲဘဲ ထွက်ပြေးကြ ရတယ်”လို့ ဇေယျာသီရိရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အခုလို ဖောက်ခွဲဖို့လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
မြို့ပြပြောက်ကျားအဖွဲ့တွေကတော့ နိုဝင်ဘာ ၇ရက်နဲ့ ၈ရက်နေ့တွေမှာ Barတွေ၊Night Club တွေနဲ့ စစ် ကောင်စီတပ်တွေရှိရာအနီးတဝိုက်ကို ပြည်သူလူထုအ နေနဲ့သွားလာ လည်ပတ်တာတွေမပြုလုပ်ဖို့ သတိပေးစာ ထုတ်ပြန်ထားပါတယ်။