လှိုင်သာယာ အောင်ဇေယျတံတားအဆင်း YBS ယာဥ်တိုက်မှုမှာ ခရီးသည် လေးဦးသေဆုံးပြီး ဒဏ်ရာရသူတွေများပြား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းက အောင်ဇေယျတံတားအဆင်းမှာ ဒီကနေ့နိုဝင်ဘာ ၆ရက်မနက်ပိုင်းက ခရီးသည်တင် တွေဖြစ်တဲ့ YBS ၆၁နဲ့ ၆၉ နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီးယာဥ်တိုက်မှုမှာ ခရီးသည် ၄ဦးသေဆုံးကာ၃၅ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

“ယာဥ်မောင်းကတော့ ကားကြားမှာညှပ်နေလို့ ထုတ်ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့အလောင်းတွေကို အင်းစိန်ဆေးရုံကို ပို့လိုက်ပါပြီ”လို့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်းစိန်မြို့နယ်နယ်ဘက်ကနေ အောင်ဇေယျတံတားပေါ်ကအဆင်းမောင်းနှင်လာတဲ့ YBS ၆၉ယာဥ်နဲ့ လှိုင်သာယာမြို့နယ်ဘက်က မောင်းနှင်လာတဲ့ ၆၁ယာဥ်တို့မျက်နှာခြင်းဆိုက်တိုက်မိတာဖြစ်ပြီး YBS ၆၉ ယာဥ်လိုင်းဟာတံတားအဆင်းမှာဘီးပေါက်ပြီးတဖက်က၆၁ယာဥ်နဲ့မျက်နှာချင်းဆိုင်တိုက်မိတာဖြစ်တယ်လို့လည်း ဖြစ်စဥ်ကိုသိရှိတဲ့လူမှုကူညီရေးအသင်းက တွဲဖက်တာဝန်ရှိသူကပြောပြပါတယ်။

ဒီယာဥ်တိုက်မှုဖြစ်စဥ်မှာတော့ ခရီးသည် ၄ဦးဟာနေရာမှာပဲသေဆုံးသွားပြီး နောက်ဆုံးသိရတဲ့အခြေအနေအရ ထိခိုက်ဒဏ်ရာရသူတွေဟာ ၃၅ ဦးထက်ပိုများနိုင်တယ်လို့လည်းအင်းစိန်ဆေးရုံကိုရောက်နေတဲ့ လူမှုကူညီရေးအသင်းကပြောပါတယ်။

Photo – အင်းစိန်မြို့ နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့