နွေဦးတော်လှန်ရေးက အရင့်အရင် ယခင်တော်လှန်ရေးတွေနဲ့ မတူဘဲ ထူးခြားတဲ့ ခြားနားချက်ရှိပါ တယ်။ အဲဒါကတော့ ယခင်တော်လှန်ရေးတွေက အစိုးရအပြောင်းအလဲကို လိုလားပြီးဒီမိုကရေစီစနစ် ဖော် ဆောင်ရေးဆိုတဲ့ စနစ်ကိုသာ တောင်းဆိုခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနွေဦးတော်လှန်ရေးကတော့ စနစ်ကိုသာ တောင်းဆိုခြင်းသက်သက် မဟုတ်တော့ဘဲ တောင်းဆိုတဲ့စနစ်ကိုမရလေအောင်၊ မဖြစ်ပေါ်အောင် အဟန့် အတား ဖြစ်စေတဲ့ အရာကိုပါ ဖယ်ရှားခြင်းလည်း ဖြစ်ပါတယ်။ဒါကို အတိအကျနဲ့ ထပ်တလဲလဲ ပြောရရင် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင်ကို ဆန္ဒပြတယ်။ အဓိကက ဒီမိုကရေစီအစိုးရ ပြန်ရရေးအတွက်ပဲဖြစ် ပါတယ်။ ၁၉၇၄/၇၅/၇၆ တွေမှာ ဆန္ဒပြကြတယ်၊ စစ်အာဏာရှင်စနစ်ကို ပြောင်းလဲပေးဖို့၊ဒီမိုကရေစီအစိုးရကို ရွေးချယ်ခွင့်ရှိဖို့အတွက် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တစ်နိုင်ငံလုံး လူထုအုံကြွမှုနဲ့ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ခဲ့တယ်။ ဒါလည်း ဒီမိုကရေစီစနစ်နဲ့ဒီမိုကရေစီအစိုးရအပြောင်းအလဲကို လိုလားရုံမျှသာပါပဲ။ ၁၉၉၆/၉၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေး၊ ပြီးတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးစ အချိန်တွေ မှာ တစ်နိုင်ငံလုံးမြို့ပြနဲ့ ကျေးရွာတွေ မကျန် လမ်းမတွေပေါ် ပြည့်သွားအောင် တောင်းဆိုနေကြတဲ့ ပြည်သူ တွေ။ဒါတွေမှာလည်း ဒီမိုကရေစီစနစ်ကိုပဲ ဦးတည်ပြီး တောင်းဆိုကြတာပါပဲ။ ဒါပေမဲ့ တစ်ခါမှ မအောင် မြင်ခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။ အာဏာကို လုံးဝ (လုံးဝ) လက်မလွှတ်နိုင်တဲ့ ဖက်ဆစ်စစ်တပ်ကြောင့်ပါပဲ။“အနာသိရင် ဆေးရှိတယ်”ဆိုတဲ့ မြန်မာစကား ရှိပါတယ်။ အနာဆိုတာ ဒီနေရာမှာ ရောဂါကိုဆိုလိုပါ တယ်။ ရောဂါတစ်ခု လုံးဝ ပျောက်ကင်းဖို့ဆိုရင် ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေကိုဖယ်ရှားပစ်ရတတ်ပါ တယ်။ ဆိုလိုတာက ရောဂါဆိုတဲ့ အကျိုးတရားကို ပျောက်စေချင်ရင်အဲဒီရောဂါဖြစ်စေတဲ့ အကြောင်းတရား တွေကို အရင် ဖော်ထုတ်ရပါမယ်။ ရောဂါဖြစ်စေတဲ့အကြောင်းတရားကို သိပြီဆိုရင် အဲဒီအကြောင်းတရားကို သတ်ရပါမယ်။ အဲဒီအကြောင်းတရားကိုသိရင် အကြောင်းတရားကို သေစေနိုင်တဲ့၊ သတ်နိုင်တဲ့ ဆေးကိုလည်း ရှာဖွေရမယ်၊သိအောင်လုပ်ရမှာပါပဲ။ အဲဒါဆိုရင် ဆေးကလည်း ရှိလာရတော့တာပါပဲ။
၁၉၆၂ ခုနှစ်၊ ဒုတိယအကြိမ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၁ ခုနှစ်၊ စတုတ္ထအကြိမ်စစ်အာဏာသိမ်းချိန် ရဲ့ အစောပိုင်းလတွေအထိ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ဖြစ်ဖို့၊ဒီမိုကရေစီအစိုးရတစ်ရပ်ကို ရရှိဖို့ဆိုတဲ့ အကျိုးတရားကိုပဲ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ဒီလို မရခြင်းရဲ့ အကြောင်းတရားကတော့ အာဏာကို လက်မလွှတ်ချင်တဲ့၊ ဘယ်တော့မှလက်မလွှတ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဖက်ဆစ်စစ်တပ် ရှိနေလို့ ပါပဲ။ ဒါကို ရှာဖွေတွေ့ရှိသူတွေကတော့ ၂၁ရာစု၊ နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ လူငယ်မျိုးဆက် ဂျန်ဇီး (Gen Z) တွေပါပဲ။ဖက်ဆစ်စစ်တပ်ဟာ ဒီမိုကရေစီစနစ် မဖြစ်ထွန်းရခြင်းရဲ့ အကြောင်းတရားဆိုရင်ဒီမိုကရေစီစနစ် ရရှိ ရေး ဆိုပြီး အကျိုးတရားကို တောင်းဆိုနေရုံနဲ့ မရပါဘူး၊ ဒီအကြောင်းတရားကိုသတ်ရပါမယ်။ အဲဒီအတွက် ဆောင်ပုဒ်ကတော့ ဂျန်ဇီးတွေရဲ့ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”ဆိုတဲသန္နိဋ္ဌာန်ပါပဲ။ အဲဒီတော့ ဖက်ဆစ်စစ်တပ် ကို အမြစ်ပြတ်အောင် သုတ်သင်တာဟာဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးရဲ့ အရေးကြီးလှတဲ့ အကြောင်းတရားပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဆိုတဲ့ ရောဂါဆိုးကြီး နောက်ထပ်တစ်ဖန် မဖြစ်ပေါ်အောင်ဆိုရင်ဒီစစ်အာဏာရှင် စနစ်ကို ဖြစ်စေတဲ့ ဖက်ဆစ်စစ်တပ်ကို သုတ်သင်ရှင်းလင်းရပါမယ်။ ငြိမ်းချမ်းစွာဆန္ဒပြခြင်းဆိုတဲ့ ပါးစပ်နဲ့ ပြော တဲ့နည်းနဲ့ မရရင် သေနတ်နဲ့ ပြောရမှာပါပဲ။ ၁၉၆၂ ခုနှစ်ကနေ ၂၀၂၁၊၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ပါးစပ်နဲ့ ပြော ခဲ့ပြီးပါပြီ။ မရခဲ့ပါ။ အဲဒီတော့လက်နက်ကိုင်တော်လှန်ရေးနည်းကိုပဲ အသုံးပြုရပါမယ်။ ခေတ်ပြောင်း၊ စနစ် ပြောင်း တော်လှန်ရေးကိုဆင်နွှဲကြတဲ့အခါ လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အကြမ်းမဖက်တဲ့နည်း၊ ပါတီနိုင်ငံရေးလမ်းကြောင်းကနေ လွှတ်တော်ထဲ ဝင်ပြီး တိုက်တဲ့နည်း၊ လက်နက်ကိုင်တော်လှန်ရေးနည်းစသဖြင့် နည်းလမ်းပေါင်းစုံ ရှိနေကြပါတယ်။
ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးအတွက် တချို့ နိုင်ငံတွေမှာ လမ်းတွေပေါ်မှာငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အကြမ်းမဖက်တဲ့နည်းတစ်ခုတည်းနဲ့ အောင်မြင်ကြတယ်၊ တချို့ နိုင်ငံတွေမှာလမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အကြမ်းမဖက်တဲ့နည်း၊ ပါတီနိုင်ငံရေးလမ်းကြောင်းကနေလွှတ်တော်ထဲ ဝင်ပြီး တိုက် တဲ့နည်း ၂ နည်းလောက်နဲ့ အောင်မြင်ကြပါတယ်။ တချို့ နိုင်ငံတွေမှာတော့အထက်က နည်း ၂ နည်းအပြင် ပြည်သူ့လက်နက်ကိုင်တော်လှန်တဲ့နည်းပါ ထပ်ပေါင်းပြီး နည်း ၃ နည်းနဲ့အပြည့်အဝတိုက်မှ အောင်မြင်ကြပါ တယ်။ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ တော်လှန်ရေးအတွေ့အကြုံအရပထမ နည်း ၂ နည်းနဲ့ မအောင်မြင်တာ သေချာသွားလို့ နောက်ဆုံးနည်းဖြစ်တဲ့လူထုလက်နက်ကိုင်တော်လှန်တဲ့နည်းကို ထပ်ပေါင်းရတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ လူထုလက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်တဲ့သူတွေဟာ ဂျန်ဇီးဆိုတဲ့ ၂၁ ရာစုနွေဦး တော်လှန်ရေးလူငယ်တွေ ဖြစ်တယ်။ သူတို့ခေတ်ရဲ့ အားသာချက်က နည်းပညာ ဖြစ်တယ်။နည်းပညာကြောင့်ပဲ သူတို့ ဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးက စနစ်ကျတယ်၊ ညီညွတ်တယ်၊စုစည်းမှုမြန်တယ်။ အမှား အယွင်းကို နည်းသထက်နည်းစေပါတယ်။ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လက်လုပ်လက်နက်ကလေးတွေနဲ့ ပြန်လှန်ခုခံတာတွေ ကြိုကြားကြိုကြား ရှိခဲ့ပေမဲ့ တူမီးသေနတ်တွေနဲ့ စုစုစည်းစည်း စတင်တွန်းလှန်ခဲ့တဲ့ ကလေးမြို့က တာဟန်းခံတပ်ခုခံစစ် ဟာ ပထမဦးဆုံး နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တိုက်ပွဲအစလို့ မှတ်တမ်းတင်နိုင်မယ်ထင်ပါတယ်။ အဲဒီ နောက်မှာ စစ်ကိုင်းတိုင်းဒေသနဲ့ ချင်းပြည်နယ်တွေဟာ တစ်စတစ်စချင်းခုခံတွန်းလှန်စစ် အားကောင်းလာပါ တယ်။လူထုလက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေ စစချင်းမှာသာ တူမီးသေနတ်ထဲယမ်းထည့်ပစ်ခဲ့ကြတာ ပါ။ ကျည်ဆန်မဟုတ်ဘဲ ယမ်းထည့်ပစ်ရတဲ့ တူမီးဆိုပေမဲ့ လူမပြောနဲ့၊နွားနောက်၊ ပြောင် (တောကျွဲ) တွေကို တောင် သေစေနိုင်တာမို့လို့ အထင်သေးစရာတော့ မဟုတ်။လူထုလက်နက်ကိုင်တော်လှန်ရေး စပြီး သိပ်မကြာ ခင် လပိုင်းတောင် မဟုတ်၊ ရက်ပိုင်းတွေလောက်မှာပဲ၅ ပွိုင့် ၅၆ ကျည်တွေနဲ့ ထည့်ပစ်တဲ့ တစ်ထောင့်ထိုး လုပ် သေနတ်တွေကို အသုံးပြုပြီးမြန်မြန်ဆန်ဆန်ကြီး တိုးတက်လာကြပါတော့တယ်။ အခုအထိလည်း တူမီသေနတ် နဲ့ ကင်းသေးတာမဟုတ်ပေမဲ့ ၅ ပွိုင့် ၅၆ ကျည်နဲ့ ထည့်ပစ်ရတဲ့ လက်လုပ်သေနတ်တွေက များသထက် များလာနေတဲ့အပြင် မောင်းပြန်ရိုင်ဖယ်လ်သေနတ်တွေကလည်း များသထက် များလာနေပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကို စတင်တဲ့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေးတပ်သားတွေအတွက်မောင်းပြန် ရိုင်ဖယ်လ်သေနတ် အလက် ၁ သောင်းကို ခက်ခက်ခဲခဲ စုဆောင်းခဲ့ရတယ်ဆိုရင်တောင်မှပဲလက်နက်ကိုင် တော် လှန်ရေး အရှိန်ရလာတဲ့ ၂၀၂၂ ခုနှစ်ထဲမှာတော့ နောက်ထပ်မောင်းပြန်ရိုင်ဖယ်လ်သေနတ် အလက် ၃ သောင်း လောက်ကို ထပ်ရဖို့က သိပ်ခက်ခဲမှာမဟုတ်တော့ပါဘူး။ ဆိုလိုတာက၂၀၂၂ ခုနှစ်အကုန်မှာ ၂၀၂၁ ခုနှစ်ထက် မောင်းပြန်သေနတ်တွေ ၄ ဆပိုဖြစ်နေမှာပါပဲ။
တိုက်ပွဲတွေအနေနဲ့ကလည်း နွေဦးလက်နက်ကိုင်တော်လှန်ရေးစတဲ့ ၂၀၂၁ ခုနှစ်ထဲမှာပြောက်ကျား တိုက်ခိုက်မှုတွေကနေ ၂၀၂၂ ထဲမှာတော့ စစ်မိစ္ဆာတွေရဲ့ စစ်စခန်းနဲ့ ရဲစခန်းတွေကိုတိုက်ခိုက်တဲ့ အကြိမ်နှုန်းတွေ များသထက်များလာနေပါတယ်။ ဒီအထဲမှာ စခန်းသိမ်းတိုက်ပွဲတွေလည်းတစ်စတစ်စ အရေအတွက် များလာ နေတယ်။ တိုက်ပွဲတွေကလည်း မျိုးစုံပါတယ်။ ပီဒီအက်ဖ်တွေရဲ့တိုက်ပွဲ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲ၊ ပီဒီအက်ဖ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မဟာမိတ်ဖွဲ့ပြီး တိုက်တဲ့ တိုက်ပွဲတွေ စသဖြင့် မျိုးစုံ နေပါတယ်။နယ်မြေတွေအနေနဲ့ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်လာနေတယ်။အဲဒီအထဲမှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်းတွေမှာ နယ်မြေတွေကို ပိုပြီး စိုးမိုးလာနိုင်နေတယ်။ရခိုင်မှာ တိုက်ပွဲတွေ စိတ်လာတယ်။ မွန်နဲ့ တနင်္သာရီမှာ တိုက်ပွဲတွေ စိတ်လာနေတယ်။ပိုအားကောင်းလာဖို့ လိုသေးတယ်။ ပိုအား ကောင်းလာဖို့ ပြည်သူလူထုက ဝိုင်းကူကြဖို့ လိုပါတယ်။ရှမ်းတောင်မှာ တိုက်ပွဲတွေ များတယ်။ ရှမ်းမြောက်မှာ လည်း တိုက်ပွဲတွေ ရှိနေတယ်။ ရှမ်းပြည်ကပီဒီအက်ဖ်တွေ အားကောင်းလာအောင် ဝိုင်းကူကြဖို့ လိုမယ်။ မန္တလေးတိုင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ မကွေးအောက်ပိုင်း၊ ပဲခူးနဲ့ ဧရာဝတီတို့မှာတော့ တိုက်ပွဲတွေ များများနဲ့ ခပ်စိတ်စိတ်ဖြစ်လာဖို့ ဝိုင်းကူကြဖို့ လိုဦးမယ်။ လက်ရှိအချိန်က ဖက်ဆစ်စစ်မိစ္ဆာတွေဘက်မှာတော့အော်ပရေးရှင်းတွေက လွဲရင် ဘယ်နေရာမှာမှ စစ်ဝတ်စုံနဲ့တောင် မသွားရဲ၊ မလာရဲတဲ့ အခြေအနေတွေဖြစ် သွားကြပါပြီ။ ဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ဖြစ်နေတာပါ။ ဆိုလိုတာကဖက်ဆစ်စစ်မိစ္ဆာတွေဘက်မှာ စစ်ဝတ်စုံဝတ်ပြီး သွားလာဖို့ နေနေသာသာ၊ ကိုယ့်ကိုယ်ကိုယ်စစ်သားပါလို့တောင် လူရှေ့သူရှေ့ မပြောရဲတဲ့ အနေအထားတွေ ဖြစ်သွားကြပါပြီ။နွေဦးတော်လှန်ရေးတပ်တွေ အားကောင်းပြီး စိုးမိုးထားတဲ့ နယ်မြေတွေ မပြောနဲ့၊ ရန်ကုန်မြို့တော်လို့နေရာမျိုးမှာတောင် စစ်ဝတ်စုံဝတ်ပြီး တစ်ယောက်တည်း မသွားရဲ၊ မလာရဲကြ တော့ဘူး၊ ယုတ်စွအဆုံးကားရှေ့ခန်းမှာ စစ်ဦးထုပ်ကို တင်ပြီးတောင် မမောင်းရဲကြတော့ပါဘူး။ အရင်က စိုးမိုးအနိုင်ကျင့်ဗိုလ်ကျ မော်ကြွားလို့ရတဲ့ စစ်ဝတ်စုံဟာ အခုအခါမှာတော့ သေမင်းတမန်ကို ဖိတ်ခေါ် တဲ့ဝတ်စုံဖြစ် လို့သွားပါပြီ။
လူထုလက်နက်ကိုင် တော်လှန်တိုက်ပွဲတွေရဲ့ ရလဒ်တွေပါပဲ။ အဲဒါကို ကြည့်ပြီးတစ်နိုင်ငံလုံးအတိုင်း အတာနဲ့ စစ်ရှိန်တွေ မြင့်သထက်မြင့်လာအောင် ထပ်ပြီး ဝိုင်းကြိုးစားကြရပါမယ်။စစ်ရှိန်မြှင့်ရင် မြှင့်သလောက် ထိခိုက်မှုတွေ ပိုများလာပါမယ်။ ဒါက ရှောင်လွှဲလို့ မရတဲ့ ကိစ္စပါပဲ။ပြည်အပြည့်နဲ့ အနာရင်းပြီး ကိုက်နေတဲ့ အိုင်းအမာကို ဖောက်ထုတ်ပစ်ရပါမယ်။ ဖောက်ထုတ်ရုံသာမကဆွေးနေတဲ့ အသားပုပ်တချို့ကိုလည်း ခြစ်ထုတ် ပစ်၊ သန့်စင်ပစ်ရပါမယ်။ အဲဒီအခိုက်ဟာ အင်မတန်နာကျင်ရမှာပါပဲ။ နာကျင်ရမှုဝေဒနာ မြန်ဖို့ဆိုရင် အဲဒီအိုင်း အမာကို ဖောက်ထုတ်ပစ်နေတဲ့ ကာလကမြန်ဖို့ လိုပါတယ်။ ဒါမှ မြန်မြန် အသားနုတက်ပြီး အနာ မြန်မြန် ကျက် ပါမယ်။ စစ်ရှိန်မြင့်နေတဲ့ကာလဟာ ပြည်ပုပ်တွေနဲ့ ကိုက်နေတဲ့ အိုင်းအမာကို ဖောက်ထုတ်နေတဲ့ ကာလပါပဲ။ ဒီအိုင်းအမာကနေလွတ်မြောက်ပြီး ကျန်းမာတဲ့ ကိုယ်ခန္ဓာဖြစ်ဖို့ဆိုတာကလည်း နာခါမှနာရော အဲဒီအိုင်းအမာကို မလွဲမသွေဖောက်ထုတ်ပစ်ရမှာပါပဲ။ ဖက်ဆစ်စစ်မိစ္ဆာဆိုတဲ့ အိုင်းအမာကင်းစင်ဖို့ဆိုရင် ဒီအိုင်းအမာနဲ့ တူတဲ့ဖက်ဆစ်စစ်မိစ္ဆာတွေကို သုတ်သင်ဖယ်ရှားရမှာပါပဲ။ အဲဒီအတွက်လည်း မြန်မာတွေ အကုန်လုံးမှာတာဝန်ရှိပါ တယ်။ ကိုယ်တိုင် သေနတ်ကိုင်ပြီး တိုက်တဲ့သူက တိုက်၊ သေနတ်စွဲကိုင်တိုက်ပွဲဝင်နေတဲ့သူတွေကို ထောက်ပို့ လုပ်သူက လုပ်။ အခြားရွေးစရာ မရှိ။ ကိုယ်တိုင် သေနတ်စွဲကိုင်ပြီးတိုက်ပွဲမဝင်တဲ့သူတွေက ကမ္ဘာကြီးရဲ့ ရောက်ရာအရပ်၊ ရှိရာဒေသမှာ အလုပ်တွေ လုပ်ကြပြီး ရလာတဲ့ငွေထဲကနေ ထောက်ပို့လုပ်ကြရ မယ်။ ကိုယ်တိုင် ထူပြီး ကိုယ်တိုင် ထကြရပါမယ်။ ကယ်တင်ရှင်ကိုမရှာလင့်။ ကမ္ဘာ့နိုင်ငံရေးဆိုတာကလည်း သူရို့ အကျိုးစီးပွား (interest) အပေါ်မှာသာ အခြေခံသည်မဟုတ်တုံ့လော။
မုန်တိုင်းကို ဂုဏ်ပြုကြ၊
မုန်တိုင်းမှာ ပျော်ပါးကြ၊
ကမ္ဘာသစ်ကို ဖန်တီးမှာ၊
အင်အားတွေ စုစည်းပါ။
စစ်ရှိန်မြင့်လာမယ့် တော်လှန်ရေးမုန်တိုင်းကို ဂုဏ်ပြုကြရမယ်။ ဒီမုန်တိုင်းမှာဝင်ရောက်ပါဝင်တိုက် ခတ်ကြရမယ်။ ကမ္ဘာသစ်ကို ဖန်တီးဖို့ အင်းအားတွေကို စုစည်းကြရမယ်မဟုတ်လား။ မုန်တိုင်းစဲရင်တော့ ပန်းချီကားတစ်ချပ်ပမာပေါ့။
နွေဦးလုလင်