လပွတ္တာ ၊ ပင်လယ်လေး ဇက်ကူးခနှုန်းတွေ လျှော့ချလိုက်ပြီ

၁၁ ၊ ဒီဇင်ဘာ ၊၂၀၁၈ ။

ဒီဇင်ဘာလ၁၀ ရက်နေ့မှစတင်ကာ လပွတ္တာပင်လယ်လေးကြိုးတံတားကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်ဖို့အတွက် ဇက်ဖြင့်သာကူးသန်းသွားလာခွင့်ပြုတော့တာပါ။
ခုလိုဇက်ဖြင့်ကူးသန်းသွားလာခွင့်ပြုတဲ့အခါ ဒီဇင်ဘာလ၁၀ ရက်နေ့ကစတင်ပြီး ဇက်ကူးခနှုန်းထားများကို ပြည်ထောင်စုအဆင့်က သတ်မှတ်ပေးတဲ့အတိုင်း တရားဝင်ကောက်ခံခဲ့ပေမယ့် ဇက်ကူးခနှုန်းထားတွေကြီးမြင့်တဲ့အတွက် ကန့်ကွက်ဝေဖန်မှုတွေရှိခဲ့တာပါ။
ခုလိုဇက်ကူးခနှုန်းထားကြီးမြင့်မှုနဲ့ပက်သက်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးထံတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးခွင့်ပြုချက်နဲ့ ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ပြီး ကျောင်းသူကျောင်းသားမျာူနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုတော့ အခမဲ့ကူးသန်းခွင့်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။