ဈေးရောင်းချိန်ပြင်ဆင်သတ်မှတ်လိုက်လို့ ပုသိမ်ဘူတာညဈေး ဈေးသည်တွေ အခက်တွေ့

၁၀၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ပုသိမ်ဘူတာညဈေးမှာ ဈေးရောင်းချခွင့်အချိန်ကို ကန့်သတ်လိုက်လို့ ရပ်ဝေးဈေးသည်တွေ အခက်တွေ့နေကြပါတယ်။ ယခင်က ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ရောင်းချနေကြရာကနေ အခုမှာ ည ၈ နာရီကနေ မနက် ၅ နာရီအထိသာ ရောင်းချခွင့် ပြုလိုက်တော့တာပါ ။
ဈေးသည်တွေအနေနဲ့ လမ်းမပေါ်တက်ရောက်ရောင်းချတာကြောင့် လူစည်ကားချိန်မှာ လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်နေလို့ အတိုင်ခံရပြီးနောက်ပိုင်း အခုလို စည်းကမ်းသတ်မှတ်ခဲ့တာပါ ။