မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းနဲ့ ၈၈ လမ်းထောင့်အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ စစ်ကားနဲ့ ရဲကားသုံးစီးကို Generation Z Power အဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
“စခ၊ရခတွေ ကင်းလှည့်ပြီး ပြည်သူတွေကို အကြောက်တရားသွင်းနေတဲ့ ကားသုံးစီးကို ပဒေသာမိုင်းနဲ့ လုပ်လိုက် တာပါခင်ဗျ၊ ကားနှစ်စီးကတော့ လမ်းဘေးထိုးရပ်သွားပါတယ်ခင်ဗျ၊ ပျက်စီးဖို့ များပါတယ်”လို့ သူက ပြောပါတယ်။
ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ခန့်ပါတဲ့ Double Upတစ်စီး၊Faw ကားတစ်စီးနဲ့ရဲကား တစ်စီးကို ပဒေသာမိုင်းသုံးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Generation Z Power အဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။တိုက်ခိုက်ခဲ့တဲ့ ပူးပေါင်းအဖွဲ့ဘက်ကတော့ တိုက်ခိုက်မှုအပြီးမှာထိ ခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Generation Z Power-GZP ( Mandalay ) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့ ၊ ပု သိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) နဲ့ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။