ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့မြို့ခံပြည်သူတွေဟာ ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကိုတော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြစာတန်းကိုင်ဆောင်ပြီး ဒီကနေ့အောက်တိုဘာ (၂၉) ရက်မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ဖားကန့်-အနန့်ပါ” လေကြောင်းပစ်ခတ်မှုအတွင်းကျဆုံးခဲ့ရတဲ့ ပြည်သူ၊အနုပညာရှင်တွေအတွက် ဆီ မီးထွန်းဆုတောင်းခဲ့ကြပြီး ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။
ဆုတောင်းတာတွေအပြင် တော်လှန်ရေးမှာ သွေးမအေးရမယ့်အကြောင်းတွေလည်း ဟောပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟောပြောမူအပြီးမှာ စစ်အာဏာရှင်စနစ်ကို အပြစ်ပြတ်တော်လှန်ဖို့ သစ္စာ ကတိပြုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိ သပိတ်မှောက်လာတာရက်ပေါင်း (၆၃၀) ရှိခဲ့ပြီဖြစ်ပါတယ်။