စစ်ကောင်စီက ဧရာဝတီ လိုင်းစက်လှေတွေကို မြို့နယ်အလိုက်အရောင်ခွဲ ဆေးသုတ်ဖို့ အမိန့်ထုတ်

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းစက်လှေတွေကိုတမြို့နယ်တရောင်စီခွဲပြီး ယာဉ်ကိုယ်ထည်တခုလုံးကို တရောင်တည်းသာ ဆေးသုတ်ရမယ်လို့ ဖိအားပေးညွှန်ကြားတာကြောင့်စက်လှေပိုင်ရှင်တွေ အခက်တွေ့နေကြရတယ်လို့သိရပါတယ်။

ဧရာဝ တီတိုင်း စစ်ကောင်စီက အဲ့ဒီညွှန်ကြားချက်ကို အခုလအတွင်းမှာပဲ အသိပေးလာတာဖြစ်ပြီး အခုလိုလုပ်ဆောင်တာဟာ စစ်ရေးအမြင်အရလုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

” အခက်အခဲဘာဖြစ်လဲဆိုတော့ ငွေကုန်ပြီး မလှမပ ဖြစ်ရတာပေါ့၊တိုးတက်နေတဲ့ ဒီဇိုင်းတွေကနေ တရောင်ထဲဆိုတာကို မျက်လုံးထဲမြင်ကြည့်ပေါ့၊ သူတို့ PDF ကြောက်ပြီးစစ်ရေးအမြင်တခုထဲနဲ့ တရောင်ချယ်မြို့နယ်ကွဲအောင်သုတ်ခိုင်းတာပါ”လို့ မော်ကျွန်း ဒေသခံတဦးက ပြောပါတယ်။

လက်ရှိလိုင်းစက်လှေတွေဟာ ပိုင်ရှင်တွေစိတ်တိုင်း ကျ အရောင်စုံတွေ ခြယ်သထားပေမယ့် စစ်ကောင် စီရဲ့အခုညွှန်ကြားချက်မှာတော့လပွတ္တာအစိမ်းရောင်၊ မော်လမြိုင်ကျွန်း ပန်းရောင်၊ကျိုက်လတ်မြို့ အပြာ၊ဘိုကလေး နီညို ၊ ဖျာပုံအဝါရောင် စတဲ့ မြို့နယ်အလိုက် တရောင်တည်းကိုသာ ယာဉ်တစီးလုံးမှာ ဆေးမှုတ်ထားရှိရမယ်လို့ဆိုပါတယ်။

စစ်ကောင်စီက စက်လှေအားလုံးကို အောက်တို ဘာလကုန်နောက်ဆုံးထားပြီး တစ်စီးလုံးအရောင်ပြောင်းသုတ်ကြဖို့ အမိန့်ထုတ်ထားပြီးမလိုက်နာရင် အရေးယူမယ်လို့ အသိပေးထားတယ်လို့လည်းသိရပါတယ်။

အခုလို ဖိအားပေး အမိန့်ထုတ်တာဟာ နိုင်ငံ့အာဏာမတရားသိမ်းမှုကို တနိုင်ငံလုံးနေရာအနှံ လက်နက်စွဲကိုင် တော်လှန်နေချိန်မှာတော်လှန်တိုက်ခိုက်မှုအနည်းဆုံးဖြစ်တဲ့ ဧရာဝတီတိုင်း အတွင်းက ပြည်သူတွေကိုစစ်ကောင်စီကမတရားဖိနှိပ်အနိုင်ကျင့်နေမှုတွေထဲက သာဓကတခုဖြစ်တယ်လို့ CDM ရှေ့နေတဦး က ဝေဖန်ပါတယ်