ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် မှာ စစ်ကောင်စီတပ်က အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတဦးကို အခုရက်ပိုင်းအတွင်းအ ကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
မုန်းမြို့နယ် တခေါ့ပွာ ကျေးရွာမှာ နေထိုင်တဲ့ နော်ဒေညားဆိုသူအမျိုးသမီးကို စစ်ကောင်စီ ခမရ (၅၉၉)က အကြောင်းမဲ့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ (၂၂) ရက်ကလည်း မုန်းမြို့နယ် အောင်လောင်းစိန်ကျေးရွာက ရွာသားနှစ်ဦး ပိုင်ဆိုင်တဲ့ တဲနှစ်လုံးနဲ့ ကြံစိုက်ခင်းတစ်ခုကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို မကြာခဏဆိုသလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေသလို ပြည်သူများရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီး နေတယ်လို့ KNUကဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ DNA အနေနဲ့သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။