Photo -DDMSC
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ “ကျောက်စိမ်းမြေမှာ သွေးသံတရဲရဲ တတိုင်းပြည် လုံးမှာ တောက်မယ့်မီးခဲ” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ဒီကနေ့ အောာက် တိုဘာ (၂၅)ရက်မနက် ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်လို့ ကချင်တိုင်းရင်းသားတွေ ရက် ရက်စက်စက် သတ်ဖြတ်ခံရမှုအပေါ် သူတို့နဲ့အတူတကွရှိနေတယ်ဆိုတာ ပြချင်တဲ့ရည်ရွယ်ချက်ကြောင့် ဒီလို ဆန္ဒ ပြလှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ အဲ့ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကော် မတီ (DDMSC) ပြန်ကြားရေးတာဝန်ခံ က DNA ကိုပြောပါတယ်။
“ကချင် ပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မျိုး ကိုယ့်အိမ်မှာလည်းအချိန်မရွေး ဖြစ်လာနိုင်တယ်၊ဒီအကြမ်း ဖက် စစ်တပ်ကို မိဘပြည်သူတရပ်လုံး တော်လှန်ရမယ်ဆိုတဲ့အသိပေးချင်တယ်၊နောက်တစ်ခုကစစ်တပ်ရဲ့ဒီလိုအ ကြမ်း ဖက်မှုတွေက ပြည်သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်လိုစိတ်အုံကြွလာရမယ်ဆိုတဲ့ မက်ဆေ့မျိုး ပေးချင်တယ်လို့” သူကဆိုပါတယ်။
အဲ့ဒီဆန္ဒပြ လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)အဖွဲ့အပါအဝင် ဒေသတွင်း သပိတ်အဖွဲ့လေးဖွဲ့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ အတွက် ဒီလိုသပိတ်လှုပ်ရှားမှုတွေဆက်လုပ်သွားပြီး ပြည်သူလူထု ပါဝင်လာဖို့ နည်းလမ်းအမျိုးမျိုးနဲ့စည်းရုံးသွားမယ် တော်လှန်သွားမယ်လို့ DDMSC ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
DDMSCအဖွဲ့နဲ့အတူနှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)၊LGBTအဖွဲ့၊အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)၊လောင်းလုံးမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ တို့ဟာ လောင်းလုံးမြို့နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုတွေကိုဆက်တိုက် ပြုလုပ်နေတာပါ။