ဘုတလင်မြို့နယ် မကျီးအုပ်ကျေးရွာကို စစ်တပ်ကဒီကနေ့ အောက်တိုဘာ (၂၅) ရက် မနက် ၅နာရီဝန်းကျင်က စီးနင်းပစ်ခတ်မှုတွေလုပ်ရာမှာ အမျိုး သမီး တစ်ဦး သေဆုံးပြီး သားအမိ သုံး ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဘုတ လင်မြို့နယ် သတင်း မှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာကျေးရွာထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာတဲ့အပြင် ထွက် ပြေးတဲ့ ပြည်သူတွေကိုလည်း ပစ်ခတ်တာကြောင့် သေဆုံးထိခိုက်မှုတွေရှိခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုး သမီးဟာ အသက် လေးဆယ်၊ငါးဆယ် ဝန်းကျင် အရွယ်ရှိပြီး ဒဏ်ရာရသွားတဲ့ သားအမိသုံးဦးထဲက မိခင်ဟာလည်း အဲ့ဒီအရွယ်ရှိသူဖြစ် တယ်လို့သိရ ပါတယ်။
မကျီးအုပ်ကျေးရွာကိုစီးနင်း တိုက်ခိုက်ခဲ့တဲ့ စစ် ကြောင်းဟာ အဲ့ဒီရွာကနေ မနက် ၁၀ နာရီလောက် မှာ ပြန်ထွက်သွားပြီး ဘုတလင်ဘက်ကို ပြန် လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းရွာထဲကပြန်ထွက်ခွာ သွားတာကြောင့် လက်ရှိအချိန်မှာတော့ရွာခံပြည်သူတွေ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက် ကလည်း ဘုတလင်မြိုနယ်အတွင်းက ပိုး ကုန်း ကျေးရွာကို စီးနင်းဝင်ရောက်ခဲ့ပြီး နေအိမ်တွေ ကိုမီး ရှို့ဖျက်စီးခဲ့ တယ်လို့ သိရပါတယ်။