ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Young Defence Power Force က ဒီကနေ့ အောက်တိုဘာ (၂၄)ရက်နေ့လယ်ပိုင်းမှာလက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ပထမ ဖောက်ခွဲမှုလုပ်ထားတဲ့ ရေကြည်အို င်ရုံးမှာ အမှတ်မထားပဲ အကြောတင်းပြီး ရပ် ကွက်ပြည်သူအပေါ်ပိုမိုအမြတ်ထုတ်၊ဧည့်စာရင်းကြေးတိုးကောက်တာမျိုးအပြင်အခြားသော အနိုင်ကျင့်ဗိုလ်ကျမှု့များအတွက်ရယ်၊ငါတို့မြို့အတွက်ငါတို့ရှိနေသေးတယ်။စစ်တပ်နယ်မြေဖြစ်နေတိုင်း စောက်ဂရုစိုက်နေမှာ မဟုတ် ကြောင်း သွေးမအေးသေးကြောင်း သိစေလိုတဲ့ အတွက်ပါ”လို့ Young Defence Power Force အဖွဲ့တာဝန်ခံက ပြောပါတယ်။
ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းက UN Prove Your Existence for Justice စာသား ချိတ်ဆွဲဆန္ဒပြခဲ့ကြတယ်လို့ အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတကာအနေနဲ့ ကျွန်တော်တို့ကို [ဆက်လက်ဖတ်ရှုရန်]