ကလေးမြို့နယ်ကကျောင်းသားသပိတ်လူပ်ရှားမှု

Photo- CJ
ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးတက္က သိုလ်ကျောင်းသားသမဂ္ဂတို့ဟာ ကျောင်းသားလူ ငယ်တွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို အောက်တိုဘာ (၂၄) ရက် မှာပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီချီတက်ဆန္ဒပြပွဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့ကြတယ်လို့သိရပါတယ်။
ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အောက်တို ဘာလအတွင်း မြို့ခံ ကျောင်းသူကျောင်းသားတွေကို ပညာရေးသပိတ်အားကောင်းအောင်ဟောပြောတာ၊ ကျောင်းသူကျောင်းသားတွေနဲ့အတူ ချီတက်ဆန္ဒပြတာတွေလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
သပိတ်မှာပါဝင်ကြတဲ့ပြည်သူတွေဟာ စစ်အာဏာ ရှင်ကိုအမြစ်ပြတ်တော်လှန်ဖို့ ကတိသစ္စာပြုကြပြီး ကျောင်းသားတွေက သူတို့ဟာ အာဏာရှင်ရဲ့အောက်မှာ နောက်ဆုံးကျောင်းသားမျိုးဆက်ဖြစ်စေရမယ်ဆိုပြီး အဓိဌာန်ပြုကြတယ် သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိဆန့်ကျင်သပိတ်မှောက်လာတာ ရက်ပေါင်း ( ၆၂၅) ရက်ရှိပြီဖြစ်ပါတယ်။