မြင်းမူမှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာ နှစ်ခုတိုက်ခိုက်ခံရပြီး ခုနစ်ဦးထက်မနည်း သေ

Photo. Zero ပြောက်ကျားတပ်
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီ တပ် စွဲထားတဲ့နေရာနှစ်ခုကို တိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီ ဘက်က ခုနစ်ဦးထက်မနည်းသေတယ်လို့ မြင်းမူ Zero ပြောက်ကျားတပ်ဖွဲ့တာဂန်ရှိသူတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲရာ နေရာတွေ ဖြစ်တဲ့ မြင်းမူရဲစခန်းနဲ့ အထက်တန်းကျောင်း လုံခြုံ ရေးဂိတ်တွေကို အောက်တိုဘာ (၂၀)ရက်ညပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းတွေမှာလျက်ဆားပုလင်းနဲ့လုပ်ထားတဲ့ မိုင်းနဲ့ ပစ်ခတ်တိုက်ခဲ့တာဖြစ်တယ်လို့ သူ က ဆိုပါတယ်။
“ရဲစခန်းမှာ ညနေပိုင်း ကျလို့ ရှိရင်ဝိုင်းဖွဲ့ အရက် သောက်တာတွေရှိတယ်လို့ သိရတဲ့အခါကျတော့ မနေ့က ညပိုင်းမှာ အဲ့အရက်ဝိုင်းက ပထမ အကြိမ် အဖြစ် လျက်ဆားပုလင်းနဲ့ ပစ်ခဲ့တာ သုံးကောင်သေ တယ်လို့ ကွက်တိ သိရတယ်” လို့ Zero ပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
ဒီကနေ့မနက် အစောပိုင်းမှာလည်း အထက် တန်း ကျောင်းလုံခြုံရေးဂိတ်ထဲ အိပ်ပျော်နေတဲ့ စစ် ကောင်စီတပ်ဖွဲ့ကိုအလားတူ ထပ်မံတိုက်ခိုက်ရာမှာ လေးဦးသေဆုံးကြောင်း အတွင်းသတင်းတွေအရ သိရတယ်လို့သူကဆိုပါတယ်။
အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်ရာ မှာ ပစ်မှတ်ရှိရာ အနီးနား ပေ သုံးဆယ်လောက်ထိ အနီးကပ် ပစ် ခတ်တိုက်ခိုက် ရတာဖြစ်ပမယ့် တိုက်ခိုက်မှု ပြု လုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ ဘေးကင်းခဲ့တယ်လို့ သိရ ပါတယ်။
မြင်းမူ မြို့နယ်အတွင်း မှာ စစ်ကောင်စီတပ်တွေဟာ ရွာတွေကို စစ်ကြောင်းထိုးတာတွေမရှိပေမယ့် မြို့အ ဝင် ဂိတ်တွေ မှာ စစ်ဆေးတာ၊ မြို့ရှောင်လမ်း တွေမှာ စစ်ဆေးတာ၊မြို့ပေါ်နေရာတွေမှာ ရှောင်တ ခင်စစ်ဆေး တာ တွေ နေ့တိုင်းနီးပါးလုပ်နေ တယ် လို့ဆိုပါတယ်။
မြင်းမူမြို့နယ်အတွင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ကွန်ယက်ချိတ်ဆက်ထားပြီး ရရှိတဲ့ သတင်းတွေ အပေါ် စိစစ်ကာ ပစ်မှတ်ရွေးချယ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
မနေ့ ကနဲ့ ဒီကနေ့ မနက်ပိုင်း တိုက်ခိုက်မှုတွေကို တော့ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ True Fighter အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။