ထီးလင်းမှာ စစ်တပ်က ပစ်သတ်ဖျောက်ဖျက်ခဲ့တဲ့ ရုပ်အလောင်းတလောင်းတွေ့

မကွေးတိုင်း၊ ထီးလင်းမြို့ထဲကစစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တဲ့ ရွာတရွာ အနီးမှာ သတ်ဖြတ်ခံရပြီး ကျောက်ပြားနဲ့ဖိ ဖျောက်ဖျက်ထားတဲ့ ရုပ်အလောင်းတလောင်းကို ဒီကနေ့ အောက်တိုဘာ (၂၁) ရက်မှာ ဒေသခံတွေ တွေ့ခဲ့တယ်လို့သိရပါတယ်။

တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းဟာ ယင်းမာရွာသား ကိုသိန်းဝင်းဆိုသူဖြစ်ပြီး ဟင်းခွတ်ကုန်းရွာကအပြန် ခေါင်းပွာဇရပ်နားမှာစစ်ကောင်စီစစ်ကြောင်းနဲ့တိုးကာ ပစ်ခတ်သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်ကိုတော့ DNA အနေနဲ့သီးခြားအတည်ပြု နိုင်တာမရှိပါဘူး။

သေဆုံးသူရဲ့ရုပ်အလောင်းကိုဇရပ်အနောက်ဖက်ချောက်နားမှာကျောက်ပြားနဲ့သေသေချာချာဖိထားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကပြောပါတယ်။

” ​မြင်တာနဲ့ကို သူတို့(စစ်တပ်)ကသတ် တော့တာ ၊သူတို့စစ်ကြောင်းဘယ်ရောက်နေတယ်ဆိုတာ မသိစေချင်ဘူး၊ မနေ့က နွားကျောင်းတဲ့သူ တွေ ရော၊ သူတို့နှစ်ယောက်ရောစစ်ကြောင်း နဲ့တိုးတာ ၊သူတို့နှစ်ယောက်ကိုပစ်တာမှာ တစ်ယောက် လွတ် ပြီး သူကျန်နေခဲ့တာ” လို့ YDF ဗျူဟာမှူးသခင်ဇော် ကပြောပါတယ်။

ခေါင်းပွာဇရပ်နားကိုမနေ့ကရောက်လာတဲ့စစ်ကောင် စီစစ်ကြောင်းဟာ ကျွဲ၊နွားကျောင်းနေတဲ့ ဟင်းခွတ် ရွာသားသုံးဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသ ခံကာကွယ်ရေးအင်အားစုတွေဆီကသိရပါတယ်။

ထီးလင်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ် ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျောက်တွေ့တဲ့ပြည်သူတွေကို ဖမ်းဆီး ပြီးဒေသခံကာကွယ်ရေးတပ်တွေ သူတို့ကိုမ တိုက် ခိုက်နိုင်အောင်လူသားတံတိုင်းအဖြစ်အသုံးပြုနေတာတွေလည်းရှိတယ်လို့ဒေသကာကွယ်ရေးအင်အားစုတွေက ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာအောက်တိုဘာ (၁၇) ရက်ကလည်းဒေသခံပြည်သူဆယ်ဦးကိုဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာကြောင့် စစ် ကြောင်းကိုတိုက်ခိုက်မယ့် အစီအစဉ်တွေ ဖျက်သိမ်း ခဲ့ရတယ်လို့ YDF ကထုတ်ပြန်ထားပါတယ်။