တာချီလိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေဖြန့်ဝေ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ​မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ Eastern Red Lionအဖွဲ့က ဒီကနေ့အောက်တိုဘာ (၂၀)ရက်နေ့ မနက်ပိုင်းက “ဖောက်ပြန်သူမှန်သမျှ မရှင်သန်စေရ”စာသားပါ စာရွက်တွေ ဖြန့်ဝေပြီးခဲ့တယ်လို့ သိရ ပါတယ်။
တာချီလိတ်မြို့ဟာ မြို့ပြပျောက်ကြားအဖွဲ့တွေ အနေနဲ့ နယ်မြေ အခြေအနေ​အရ တိုက်ပွဲဝင်ဖို့ ခက် ခဲနေတဲ့ အနေအထားတစ်ခုဖြစ်တာကြောင့် ပြည်သူ တွေကို သွေးမအေးစေဖို့ အခုလို စာရွက်ဖြန့်ဝေ အသိပေးရတာဖြစ်တယ်လို့ Eastern Red Lionအဖွဲ့ ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။
“အခုလို စာရွက်ဖြန့်ဝေတာက ပထမဆုံး အကြိမ်ပါ၊ ကျွန်တော်တို့က အဓိက တိုက်ခိုက်ရေးပါပဲ၊ မြို့အ နေအထားကြောင့် mission မဝင်နိုင်သေးခင်လူတွေ မေ့လျော့နေမှာစိုးလို့ပါ”လို့ Eastern Red Lion အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စာရွက်ဖြန့်ဝေတာကိုတော့ တာချီလိတ်တစ်မြို့လုံး နီးပါး လုပ်ဆောင်ခဲ့ပေမယ့် တာချီလိတ်ဆန်ဆိုင်း ကျောင်းရှေ့၊မြို့နယ် ပြည်သူ့ဆေးရုံအရှေ့နဲ့ တာချီလိတ်ရွှေတိဂုံဘုရားအရှေ့တွေမှာ အဓိကထားဖြန့်ဝေခဲ့တယ်လို့လည်းဆိုပါတယ်။
အခုလိုတိုက်ပွဲဝင်ဖို့ခက်ခဲတဲ့အခြေအနေရှိပေမယ့် တာချီလိတ်မြို့ရှိ စစ်ကောင်စီလက်ပါးစေတွေ၊ဒ လန်တွေနဲ့တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ စစ်ကောင်စီအလိုကျဆောင်ရွက်နေတဲ့ လူ ပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေကို ထိရောက်တဲ့ တိုက် ခိုက်မှု တွေလုပ်ဆောင်သွား မယ်လို့လည်း ဆိုပါ တယ်။
EasternRedLionအဖွဲ့ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းရန်ကုန်၊မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံ တံတားအဆင်းက စစ်ကောင်စီရဲ့လုံခြုံ ရေးအဖွဲ့တွေကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရ ပါတယ်။