ကော်ဘရာစစ်ကြောင်းက စနိုက်ပါနဲ့ပစ်လို့ စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီးသေဆုံး


ကော်ဘရာစစ်ကြောင်းအပါအဝင် ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား ရာမှာ စစ်ကောင် စီတပ်မ(၄၄)က ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ကထုတ်ပြန်ပါတယ်။

“သူ(စစ်ကောင်စီဗျူဟာမှူး)ကတော့ အခုလက်ရှိ မြေပြင်ကွပ်ကဲနေတဲ့ အရာရှိထဲမှာဆိုရင်အကြီးဆုံးပေါ့၊ ကော် ဘရာ စစ်ကြောင်းက ချေမှုန်းတဲ့ထဲမှာဆိုရင်တော့ဒါရာထူးအကြီးဆုံးဖြစ်တယ်”လို့ ကော်ဘရာစစ်ကြောင်း ပြန် ကြားရေး တာဝန်ခံ ကိုမျိုးသူရကိုကို ကပြောပါတယ်။

စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်မင်းဦးဟာ ကော်ဘရာစစ်ကြောင်းက လက်ဖြောင့်တပ်ဖွဲ့ဝင်တွေရဲ့ ပစ် ခတ်မှုကြောင့်ကျဆုံးခဲ့တာဖြစ်ပြီး စစ်မြေပြင်သတင်းအတည်ပြုချက်တွေအရ ကျဆုံးမှုကို အတည်ပြုနိုင် တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ပြင်းထန်ဒဏ်ရာရခဲ့တာကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထား ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)နယ်မြေထဲက လူခို့ ညောင်ချောင်းနေရာမှာရောက်နေတဲ့ စစ် ကောင် စီတပ်တွေကို ကော်ဘရာစစ်ကြောင်းနဲ့ Federal Wings Drone တပ်ဖွဲ့တို့က စတင်ပစ်ခတ်တာကြောင့် ဒီကနေ့ မနက်ကိုးနာရီခွဲဝန်းကျင်ကနေ နေ့လယ်နှစ်နာရီခွဲလောက်အထိ ငါးနာရီကြာ တိုက်ပွဲဖြစ်ခဲ့ တယ်လို့သိ ရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျော်ဝါးဘိုးဘုရားအနီးနဲ့ဆုံဆည်းမြိုင်ကုန်းတွေမှာ အခြေစိုက်ထားတဲ့ (၁၂၀) မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အတွဲလိုက်ပစ်ဒုံး လေးလုံးတွဲ (MLRS)နဲ့လည်း လေးကြိမ် ပစ် ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ညနေပိုင်းမှာလည်း လေ့ကေ့ကော် မြို့သစ်အနီး စွယ်တော်အမြှောက်ကုန်းက စစ်ကောင်စီ တပ် ကို ကော်ဘရာစစ်ကြောင်းက စနိုက်ဘာ လက်ဖြောင့်သေနတ်နဲ့ ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ထပ်မံ သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဘက်က တဦးထိခိုက်သွားတဲ့အတွက် စွယ်တော်အမြှောက်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်တာတွေ ၊စက် လတ်တွေနဲ့ပစ်ခတ်တာတွေရှိခဲ့ပါတယ်၊ဒီနေ့တိုက်ပွဲဖြစ်စဉ်အကုန်လုံးမှာ ကော်ဘရာစစ်ကြောင်းက ထိခိုက်မှုတ စုံတရာမရှိဘဲ ဘေးကင်းခဲ့ပါတယ်”လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။