ရေစကြိုမြို့နယ်၊ သံပြားချောင်းကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တောင်ဦးကျေးရွာအနီးမှာ အောက်တိုဘာ (၁၇) ရက် မနက်ကိုးနာရီဝန်းကျင်က ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်ကောင် စီဘက်က ခြောက်ဦးသေတယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
“ကျွန်တော်တို့ သတင်းရလို့သွားတိုက်တာဗျ၊ ကျွန်တော်တို့က လက်ဦးမှုရခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်ကြတယ်၊ တိုက်ပွဲကတော့ ၁နာရီလောက်ကြာတယ်၊ ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ) ကတာဝန်ရှိသူ တစ်ဦးက DNA ကို ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး နေ့လယ်သုံးနာရီဝန်းကျင်မှာလည်း ရေစကြိုမြို့နယ် တောင်ဦးကျေးရွာကို မီးရှို့ဖျက်ဆီး နေ တဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးမဟာမိတ်တပ်တွေက လက်နက်ကြီးတွေနဲ့ ထပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း(၂) မဟာမိတ်တပ်ဖွဲ့တွေနဲ့ Urban Underground Revolution Force-YSO (UURF)၊နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြိုင်) အပါအဝင် ရေစကြိုနဲ့ မြိုင်က လက်နက်ကြီး တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။