အင်းစိန်ထောင် ပေါက်ကွဲမှုအတွင်း ဗကသကျောင်းသားခေါင်းဆောင်ဟောင်းတဦးရဲ့ မိခင်အပါအဝင် နိုင်ကျဉ်းမိသားစုဝင်တချို့ သေဆုံးထိခိုက်

ရန်ကုန်၊အင်းစိန်ထောင်အတွင်း ဒီကနေ့ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှာ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းရဲ့ မိခင်ဖြစ်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ဝင်တွေ သေဆုံး ဒဏ်ရာရခဲ့ကြတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။
“ကျွန်တော်တို့လည်း သတင်းကြားကြားချင်မယုံနိုင်ဘူးဖြစ်ခဲ့ပေမယ့် သတင်းတွေထွက်လာတော့ မယုံချင်လည်း ယုံရတော့ပါပဲ။ဂျိမ်းအတွက်တော့ စိတ်မကာင်းဘူးပေါ့ဗျာ”လို့ ကိုလင်းထက်နိုင်ရဲ့မိသားစုနဲ့ နီးစပ်တဲ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက DNA ကိုပြောပါတယ်။
ကိုလင်းထက်နိုင်(ခ)ကိုဂျိမ်းဟာ ၂၀၀၇ မျိုးဆက် ဗကသကျောင်းသားဟောင်းတဦးဖြစ်ပြီး ၂၀၁၅ ဒီမိုကရေစီ ပ ညာရေးသပိတ်လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပါတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နအဖ စစ်အစိုးရခေတ် မှာ ဖမ်းဆီးထောင်ချခံခဲ့ရသလို ပညာရေးသပိတ် မှာပါဝင်စဉ်က ဖွင့်လှစ်ခံထားရတဲ့အမှုကြောင့် NLD အစိုးရ လက်ထက် ၂၀၂၀ ဩဂုတ်လမှာလည်းထောင်ဒဏ်ခြောက်လကျခံခဲ့ရပါသေးတယ်။
အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားရာက အခုနှစ်ဇွန်လအတွင်း ဖမ်းဆီးခံခဲ့ရတာပါ။ကိုလင်းထက်နိုင်ရဲ့ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်ဟာလည်း ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်ပြီး စစ်ကောင်စီကအလိုရှိနေတာကြောင့် တိမ်းရှောင်နေရချိန်မှာ မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်(ခ)ဒေါ်ကြည်မြင့်ဟာ ဒီ ကနေ့ ဗုံးပေါက်မှုအတွင်း သေဆုံးခဲ့ရတာပါ။
အင်းစိန်ထောင်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ DNA သတင်းဌာနအနေနဲ့ အတည်ပြုနိုင်တဲ့ သ တင်းတွေအရ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သူတွေထဲမှာ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြ မှု အတွင်း ကားနဲ့တိုက်ပြီးဖမ်းဆီးခံခဲ့ရတဲ့ တော်လှန် ရေး အင်အားစုဝင် လူငယ် ကိုဟိန်းရဲ့ မိခင်လည်း ပါဝင် တယ်လို့သိရပါတယ်။
တော်လှန်လူငယ်ကိုဟိန်းရဲ့မိခင်ဟာ ဦးခေါင်းကျဥ်ပေါက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ရန်ကုန် မြို့က သပိတ်ကော်မတီတချို့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဖမ်းဆီထိန်းသိမ်းခံထားရတဲ့ သတင်းထောက် မထက်ထက်နဲ့ ကိုဝေလင်းတို့ရဲ့ မိဘတွေလည်း အင်းစိန် ထောင်ပါက်ကွဲမှုဖြစ်စဥ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အင်းစိန်အကျဥ်းထောင်အတွင်း ထောင်ဝင်စာလက်ခံတဲ့ဌာနအတွင်းမှာ ဒီကနေ့အောက်တိုဘာ (၁၉)ရက် မနက် ပိုင်းက ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်း သုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ ပြည်သူ ငါးဦးသေ ဆုံးသလို ထိခိုက်ဒဏ်ရာရသူ (၁၈)ဦးရှိတယ်လို့သိရပါတယ်။
လက်ရှိမှာသေဆုံးသူတွေကို အင်းစိန်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှု ပေးနေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ Special Tast Agency of Burma (STA)အဖွဲ့က သူတို့လုပ်ဆောင်တာ ဖြစ် တယ် လို့ ထုတ်ပြန်ထားပြီး အင်းစိန်ဗဟိုအကျဥ်းထောင် ထောင်မှူးကို အဓိကထားတိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါ တယ်။
ပေါက်ကွဲမှုအတွင်း အရပ်သားတွေသေဆုံးထိခိုက်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာ ကြောင့် ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတချို့ကတော့ အခုလိုဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းနဲ့အ ရပ် သားပြည်သူတွေဘက်ကိုပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။
အင်းစိန်ထောင်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ Special Task Agency of Burma (STA)အဖွဲ့ကို အသေး စိတ် မေးမြန်းနိုင်ဖို့အတွက် DNA က ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။