မြန်မာလင်မယားရန်ပွဲကို ဖျန်ဖြေပေးတဲ့ ထိုင်းနိုင်ငံသား ဓားခုတ်ခံရလို့သေဆုံး

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား လင်မ ယား ခိုက်ရန်ဖြစ်ပွားနေတာကို ဝင်ရောက်ဖျန် ဖြေခဲ့ တဲ့ ထိုင်းနိုင်ငံသား ဓားခုတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

မဲဆောက်မြို့ မယ်တောင်ရပ်မှာ နေထိုင်တဲ့ မြန်မာ နိုင်ငံသား လင်မယားနှစ်ဉီး ရန်ဖြစ်နေတာကို ထိုင်း နိုင်ငံသား အမျိုးသား လေးဦးက ဝင်ရောက်ဖျန် ဖြေခဲ့တာပါ။

ဒီလိုဖျန်ဖြေတဲ့သူတွေကို မြန်မာနိုင်ငံသား အမျိုးသားဖြစ်သူက သူ့ရဲ့ဇနီးဖြစ်သူနဲ့ လူမှုရေး ဖောက် ပြန်နေတဲ့သူလို့ စွပ်စွဲပြီး ငှက်ကြီးတောင် ဓားနဲ့လိုက် ခုတ်ရာက တစ်ဦးသေဆုံးသွားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ထိုင်းနိုင်ငံသား လေးဦးက မြန်မာလင်မယား ရဲ့ ရန်ပွဲကိုဖျန်ဖြေရာမှာ အမျိုးသားဖြစ်သူရဲ့ မျက်နှာ ကို ဖိနပ်နဲ့ရိုက်နှက်တာတွေ ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးစစ်ဆေးနေတယ် လို့သိရပါတယ်။ ဒီအမှုဟာ အခုလအတွင်း ထိုင်းနိုင်ငံထဲမှာ မြန်မာ နိုင်ငံသားတွေကြောင့် ထိုင်းနိုင်ငံသားသေဆုံးတဲ့ ဒုတိယမြောက်အမှုဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် မဲဆောက်ကို အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ရောက်နေကြတဲ့ မြန်မာ နိုင်ငံသားတွေ ပိုမိုခက်ခဲကျပ်တည်းလာမှာကို စိုးရိမ်တာတွေလည်းရှိနေပါတယ်။

“အရင်တုန်းကတည်းက ဒီလိုမျိုးအမှုတွေဖြစ်ရင် ဒီကပုလိပ်တွေက ပိုဖိတယ်၊အခုလထဲမှာ အဖမ်းအ ဆီးတွေကလည်း အရမ်းစိတ်နေတော့ အထောက် အထားအပြည့်အစုံ ရှိနေရင်တောင် ရစ်တာမျိုးတွေ ခံရနိုင်တယ်ဘာပဲဖြစ်ဖြစ် သတိထားကြစေချင် တယ် ” လို့ မဲဆောက်မှာ ၁၄ နှစ်ကြာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသား တစ်ဦးကပြောပါ တယ်။