မြဝတီမြို့က နေရာနှစ်ခုမှာ တစ်ညတည်း ဗုံးနှစ်လုံးပေါက်ကွဲ

ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီကနေ့ အောက်တိုဘာ (၁၅)ရက် ညခုနစ်နာရီဝန်းကျင်က မြို့တွင်းနေရာနှစ်ခုမှာ တပြိုင်တည်းနီးပါး ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ညပိုင်းမှာပဲ မြဝတီမြို့ အမှတ်(၁) တံတားနားမှာ တစ်လုံး၊ မြဝတီစျေး K2 မီးပွိုင့်နားမှာတစ်လုံး အချိန် စက္ကန့်ပိုင်းလောက်ခြားပြီး ဗုံးတွေပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြဝတီမြို့ ခံတစ်ဦး ကပြောပါတယ်။
” အမှတ်တစ်တံတားနားမှာ အရင်ပေါက်တယ်၊မကြာဘူး K2 နားမှာတခါပေါက်တယ်၊အသံကတော်တော် ကျယ် တယ်၊လန့်ပါလန့်တယ်”လို့ မြိုဝတီမြို့ခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက်ကူးတဲ့ အမှတ်(၁)ချစ်ကြည်ရေးတံတားနားက ဘန်ကာအနီးမှာဖြစ်ခဲ့တဲ့ ဗုံးပေါက် ကွဲ မှုမှာတော့ ကားနှစ်စီး ထိခိုက်ပြီး မီးလောင်ခဲ့တယ်လို့သိရပါတယ်။
“အိမ်တွေကိုထိတယ်၊အသံတော်တော်ကျယ်တယ်၊ စျေးကြီးနောက်က ငွေစင်္ကြာဟိုတယ်နားမှာ တစ်လုံးပေါက် တယ်၊ လူတွေတော့ဘာမှမဖြစ်ဘူး၊”လို့ မြဝတီမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
လတ်တ လောအခြေအနေအရ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်တဲ့ အခြေအနေအသေးစိတ်ကို မသိရသေးသလို ဘယ်အဖွဲ့ အစည်းတွေကလုပ်ဆောင်တယ်ဆိုတာကိုလည်းမသိရသေးပါဘူး။
အခုလအတွင်းး ပြီးခဲ့တဲ့ရက်ပိုင်းအကြာကပဲ မြဝတီအမှတ်(၁)တံတားနားက ဂျပန်ကြီးဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး လူတဦးသေဆုံးခဲ့ပါသေးတယ်။ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လူတဦးသေဆုံးခဲ့ပါ သေး တယ်။ပေါက်ကွဲမှုဖြစ်ခဲ့တဲ့စတိုးဆိုင်ဟာ စစ်တပ် ထောက်ခံသူတဦးပိုင်ဆိုင်တဲ့ ဆိုင်ဖြစ် တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။