ထီးလင်းက ပြည်သူ့ပညာရေးကျောင်းတွေအတွက် သင်ထောက်ကူပစ္စည်းတွေလိုအပ်နေ

photo -ထီးလင်းပညာရေးဘုတ်အဖွဲ့
မကွေးတိုင်း၊ထီးလင်းမြို့နယ်က ပြည်သူ့ပညာရေးကျောင်းတွေအတွက် သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပြီး ပညာရေးကျောင်းတွေဟာ ပြည်သူတွေလှူဒါန်းမှုကိုပဲ မှီခိုရပ်တည်နေရတာဖြစ်တယ်လို့ ထီးလင်းမြို့နယ် ပညာ ရေးဘုတ်အဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။
” (nug ပညာရေး) ဝန်ကြီးဌာနအနေနဲ့ ပံ့ပိုးပေးနိုင်မူအားနည်းတယ်၊ မပေးနိုင်ဘူး၊ ပြည်သူတွေရဲ့ပါဝင်မူကိုပဲ အား ကိုးနေရတယ်” လို့ ဘုတ်အဖွဲ့တာဝန်ခံကပြောပါတယ်။
မြို့နယ်အတွင်းက ပြည်သူ့ပညာရေးကျောင်းတွေအတွက် စာအုပ်စာရေးကိရိယာတွေအပါအဝင် သင်ထောက်ကူ ပစ္စည်းတွေဝယ်ယူနိုင်ဖို့ ငွေကြေးလိုအပ်ချက်တွေရှိနေတယ်လို့ သူကပြောပါတယ်။
လက်ရှိထီးလင်းမြို့နယ်မှာ ပြည်သူ့ပညာရေးကျောင်း (၈၆) ကျောင်းရှိပြီး မူလတန်း၊ အလယ်တန်း၊ အထက်တ န်း ကျောင်သားပေါင်း ခုနစ်ထောင်ကျော်ကို ဆရာ၊ဆရာမအင်အား တစ်ထောင့်သုံးရာကျော်နဲ့ ပညာသင်ကြား ပေးနေ တယ်လို့သိရပါတယ်။
သင်ကြားရေးဆရာ၊ဆရာမတွေဟာ CDM ဆရာ၊ဆရာမတွေနဲ့ မြို့နယ်တွင်းက စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ တွေဖြစ်တယ်လို့ ဆိုပါတယ်။စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေကို ပညာရေးကောလိပ် CDM လက်ထောက် ကထိကဆရာတွေနဲ့ ဝါရင့်ဆရာ၊ဆရာမတွေက သင်တန်းပို့ချခဲ့ကြပြီး သင်တန်းသုံးကြိမ်မှာ ဆရာ၊ဆရာမပေါင်း ခြောက်ရာကျော်သင်တန်းဆင်းပြီးဖြစ်တယ်လို့သိရပါတယ်။
အခုရက်ပိုင်းအတွင်း ထီးလင်းမြို့နယ်မှာစစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် စစ်ကြောင်းသွားရာအနီး ဝန်းကျင် ကျေးရွာ ခုနစ်ရွာက စာသင်ကျောင်းတွေကိုပိတ်ထားရတယ်လို့ မြို့နယ် ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံ ကပြောပါတယ်။