ထီးလင်းမှာ စစ်တပ်က လက်ပြန်ကြိုးတုပ်၊ မီးရှို့ထားခဲ့တဲ့ ရုပ်အလောင်းလေးလောင်းတွေ့

Photo – YDF

ထီးလင်းမြို့နယ်၊ အနောက်ဖက်ကျေးရွာမှာ စစ် ကောင်စီက လက်ပြန်ကြိုးတုပ်ပြီးမီးရှို့ထားခဲ့တဲ့ ရုပ်အလောင်း​ လေးလောင်းကို အောက်တိုဘာ (၁၃) ရက် ညနေပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ YDF ကထုတ်ပြန်ပါတယ်။

“လက်ပြန်ကြိုးတုပ်ထားပြီးတွေ့ရတဲ့အနေအထားအရ အရှင်ရှင်လတ်လတ်ရှို့ထားခဲ့ပုံရတယ်” လို့ သခင်ဇော်က ပြောပါတယ်။

စစ်တပ်က မီးရှို့ခဲ့တဲ့ အနောက်ဖက်ကျေးရွာ မီး လောင်ပြင်ထဲမှာ ကနဦးက ရုပ်အလောင်း နှစ် လောင်းသာတွေ့ရှိထားတာဖြစ်ပြီးနယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်ရာမှာ နောက်ထပ်ရုပ်အ လောင်းနှစ်လောင်းကိုပါထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အနောက်ဖက်ကျေးရွာသားခြောက်ဦး ပျောက်ဆုံးနေပြီး ရုပ်အလောင်းလေးလောင်းဟာ ပျောက်ဆုံးနေသူခြောက်ဦးထဲကဟုတ်မဟုတ် အတည်မပြုနိုင်သေးသလို ကျန်နှစ်ဦးရဲ့ အခြေအ နေကိုလည်း မသိကြရသေးပါဘူး။

“ရုပ်အလောင်းလေးလောင်းကို ပျောက်နေတဲ့ ခြောက်ယောက်ထဲကဖြစ်မယ်လို့မှန်းဆရတာပေါ့၊ သေသေချာချာအတည်ပြုနိုင်တာမျိုးတော့မရှိသေးဘူး၊ကျန်နှစ်ယောက်လည်း ဘယ်နေရာမှာ သတ် ထားခဲ့လဲ မပြောနိုင်ဘူး” လို့ YDF ဗျူဟာမှူး သခင်ဇော်ကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ (၁၂) ရက်နဲ့ (၁၃) ရက်တွေမှာအနောက်ဖက် ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ ပြည်သူလေးဦးကိုပါ နေအိမ်နဲ့ တွဲပြီးမီးရှို့ခဲ့တာဖြစ်ပါတယ်။