ပြည်ခိုင်ဖြိုးပါတီ ဘားအံခရိုင်ဥက္ကဌ နေအိမ်မှာပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးကို ဒီကနေ့ အောက်တိုဘာ (၁၃)ရက် မနက်ပိုင်းမှာ အမည်မသိလူတစ်စုက နေအိမ်မှာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်လို့ သေဆုံး သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ သေနတ်သံ ခြောက်ချက်လောက်ကြားရတယ်၊ သူ့ အိမ်က အိမ်ရှေ့မှာ ဈေးဆိုင်ဖွင့်ထားတာ၊ သေန တ်သံကြားပြီး နောက်ခဏနေကျတော့ လူတွေရှုပ် လာတယ်၊ နောက်တော့ သူသေသွားတာကို သိရ တာပဲ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ဦးအောင်ကျော်မိုးဟာ အသက်(၅၀) ဝန်းကျင် အရွယ်ရှိပြီး အရင်က ဘားအံမြို့ လမ်း ဂွမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ဘားအံမြို့နဲ့ မိုင်းနှစ်ဆယ် ကျော်အကွာက သူ့အမျိုးသမီးဖြစ်ရဲ့ဇာတိ သာမညကျေးရွာမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အဲ့ဒီနေအိမ်မှာ သတ်ဖြတ်ခံရတာပါ။
ဦးအောင်ကျော်မိုးရဲ့နေ​အိမ်ဟာ သာမညဈေးနားမှာရှိပြီးစက်တင်ဘာလအတွင်းကလည်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုပစ်ခတ်သတ်ဖြတ်မှုကိုဘယ်အဖွဲ့အစည်းကလုပ်ခဲ့တယ်ဆိုတာမသိရသေးပါဘူး။
ဦးအောင်ကျော်မိုးဟာ သာမညကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်းတဦးဖြစ်သလို ၂၀၂၀အ ထွေထွေရွေး ကောက်ပွဲမှာ လည်းဝင်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
ဦးသိန်းစိန်လက်ထက် ပြည်ခိုင်ဖြိုးပါတီအာဏာ ရှိနေချိန်မှာ ဦးအောင်ကျော်မိုးဟာ သာမညဘက်က ​ဒေသခံကရင်တိုင်းရင်းသားတွေရဲ့တောင်ယာတွေကို မတရားသိမ်းယူထားပြီး ပါတီနာမည်နဲ့ ရာဘာ ခြံတွေလုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပစ်သတ်ခံရပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ရဲတွေက အလောင်းကိုသယ်ယူသွားပြီး အနီးအနားကိုလည်း လုံခြုံရေးချပြီး အစစ်အဆေးတစ်ချို့ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အခုနှစ်မေလ အထိ သတ်ဖြတ်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ ပါတီ ထောက်ခံအားပေးသူ (၁၅၀၀) ကျော်ရှိတယ်လို့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေကဆိုထားပါတယ်။