ကျိုက်ထီးရိုး ကင်းပွန်းချောင်းရဲစခန်းအနီးပစ်ခတ်မှုဖြစ်​ပြီးပြည်သူတချို့ထိခိုက်သေဆုံး

Photo- CJ
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့ ၊ ကျိုက်ထီးရိုးကင်းပွန်းချောင်းနယ်မြေရဲစခန်းအနီးမှာ ဒီကနေ့ မနက်ပိုင်းက အ မည် မသိလက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အရပ်သား ပြည်သူတချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျွန်တော်တို့ ကျိုက်ထီးရိုးတောင်တက်လမ်းမှာရှိတဲ့ စစ်တပ်ဂိတ်ကိုလာပစ်တာ၊စစ်တပ်ဂိတ်ဘက်ကလည်း ပြန် ပစ်တာ ဘုရားဖူးလာတဲ့လူတချို့ထိတယ်ကြားတယ်၊ဘယ်လောက်ထိပြီး ဘယ်လောက်သေတယ်လို့တော့ မသိဘူး” လို့ ကင်ပွန်းချောင်တိုက်နယ်နေ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့သေဆုံးသူတွေကို ကင်ပွန်းချောင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး လက်တလော DNA သတင်းဌာနရဲ့စုံစမ်းရရှိမှုအခြေအနေအရ ဘုရားဖူးပြည်သူ လေးဦး သေဆုံးပြီး ဆယ်ဦး ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ဘုရားဖူးသုံးဦးဟာ ရန်ကုန်၊သင်္ဃန်းကျွန်းမြို့နယ်ကနေ ဘုရားဖူး သွားတဲ့ အမျိုးသမီးသုံးဦးဖြစ်တယ်လို့ Thingangyun News လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကပြန်လှည်ပစ်ခတ်မရာမှာ အနီးဝန်းကျင်ကျေးရွာနေအိမ်အချို့ကို ထိခိုက်တာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်တာနဲ့ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ တာဝန်ခံ ထုတ် ပြန်တာမတွေ့ရသေးပါဘူး။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာတော့ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင်တချို့လည်းထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံ တစ်ချို့ကပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီရဲ့တပ်မ(၄၄)နဲ့ ခလရ (၉၆ )တပ်တွေက တောင်တက်ဂိတ်တွေ မှာနေ ​ရာယူထားပြီး ဘုရားဖူးကားတချို့ကို ပြန်လှည့်ခိုင်းတယ်လို့လည်း သိရပါတယ်။