စစ်ကောင်စီလေတပ်ပိုင်းလော့ ဒုဗိုလ်မှူးကြီး ကျော်ကျော်ထွန်း နေအိမ်ရှေ့ပေါက်ကွဲမှုဖြစ်

Photo – Google

စစ်ကောင်စီလေတပ်ရဲ့ ပိုင်းလော့ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး ကျော််ကျော်ထွန်းရဲ့မြောက်ဥက္ကလာ၊ သန္တာ (၅)လမ်းကနေအိမ်အရှေ့မှာ အောက်တိုဘာ (၁၁)ရက် ညပိုင်းက ပေါက်ပွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒိနေအိမ်မှာ ဒုဗိုလ်မှူးကြီး ကျော််ကျော်ထွန်းရဲ့မိခင်နဲ့အဒေါ်ဖြစ်သူနှစ်ဦးသာနေထိုင်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ရဲ့မျက်နှာ စာထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဗုံးပေါက်တယ်ဆိုပေမယ့် စစ်ကောင်စီဘက်က ဘယ်သူမှလာတာမရှိဘူး၊သူတို့ကိုအကြောင်းမကြားလို့လား၊ပေါက်တာကိုပဲမသိလိုက်တာလားတော့မသိဘူး၊ဘယ်သူမှရောက်မလာဘူး”လို့ (စ)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အခုလိုပေါက်ကွဲမှုဖြစ်ပွားတာနဲ့ပတ်သက်လို့လည်း ဘယ်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့တယ်ဆိုတာကို ထုတ်ပြန်လာတာမျိုးလည်း မတွေ့ရသေးပါဘူး။

ကိုယ်ပိုင်အမှတ် လေ ၂၄၆၆ ဒုဗိုလ်မှူးကြီး ကျော်ကျော်ထွန်းဟာ Operation Spitfireက စက်တင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီလေတပ် ပိုင်းလော့ ၁၅ဦး စာရင်းမှာပါဝင်နေသူတဦးဖြစ်ပါတယ်။