ရန်ကုန်၊စမ်းချောင်းမြို့နယ်၊ဗားကရာလမ်းနဲ့ဗဟိုလမ်းထောင့်က ယာဥ်ထိန်းရဲကင်းကို ဒီကနေ့အောက်တိုဘာ (၁၀) ရက် ည ၈နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲကင်းရုံ အရှေ့ဘက်မှာ ထိခိုက်ပျက်စီးမှုတွေရှိ ခဲ့တယ်လို့ Freelance Attack Force အဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်သားတွေကို အဓိကရည်ရွယ်တာဖြစ်ပြီး ကနဦးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်သား တွေရောက်ရှိလာလို့ ထပ်မံဖောက်ခွဲခဲ့ပေမယ့် နည်းပညာအခက်အခဲ ကြောင့်ပေါက်ကွဲမှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
“တစ်လုံးကတော့ကွဲတယ်၊နောက်တစ်လုံးက DCကားရောက်လာချိန် ခွဲတာမကွဲဘူး၊ပစ္စည်း error တက်သွား တယ်လို့ယူဆရတာပေါ့။လုပ်ဆောင်ရတာကတော့ ခွေးကို ဦးတည်ပြီးခေါ်တာ၊ရောက်မှ ထပ်ခွဲတာ၊ဒင်းတို့ ကံ ကောင်းသွားတယ်”လို့ FLAအဖွဲ့ရဲ့ရဲဘော်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က မပေါက်ကွဲသေးတဲ့ အဝေးထိန်းမိုင်းကို သိမ်းဆည်းသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို FLA အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေ အတူပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက် ခိုက်ရာမှာပါဝင်တဲ့ အဖွဲ့ဝင်တွေကတော့ ဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ တယ်လို့ FLAအဖွဲ့ဝင်က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်စဥ်မှာတော့ လူထိခိုက်မှုတစ်စုံတရာမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ စမ်းချောင်းမြို့ နယ် ၊ဗားကရာလမ်းနဲ့ဗဟိုလမ်းထောင့်မှာရှိတဲ့ စမ်းချောင်းမြို့နယ်တရာရုံးအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ( ၂) ရက်က လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီပေါက်ကွဲမှုမှာလည်း ဗုံးတလုံးဟာ မပေါက်ကွဲခင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တွေ့ရှိပြီးဖောက်ခွဲခဲ့ တာ ဖြစ်ပါတယ်။အဲ့ဒီနေ့ ညနေခြောက်နာရီဝန်းကျင်မှာ ဗုံးတလုံးပေါက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိ စစ် ဆေးရာက မပေါက်ကွဲသေးတဲ့ ဗုံးတလုံးထပ်တွေ့လို့ ရှမ်းလမ်းမီးပွိုင့်ရဲ့ လေးဘက်လေးတန်ကို လမ်းပိတ်ကာ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။